ကျောင်းပိတ်ရက် မနက်ခင်းပိုင်းမှာ အပြင်ထွက်စရာရှိပါ
တယ်ဆိုတဲ့ အသည်းလေးကြောင့် ချန်းယောလ် လိုက်ပို့
ပေးဖို့ တက်ကြွနေခဲ့သည် ။ သူ့ရဲ့ကြည့်ကောင်းတဲ့ ရုပ်
ရည်နဲ့ အရပ်အမောင်းကြောင့် ဘာဝတ်ဝတ် စမတ်ကျ
နေပြန်သည် ။ မျက်နှာထက် အပြုံးကြီးကြီး တွဲခိုလို့ သူ
တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့ ကားသော့ကို လှည့်ကာ
လေတချွန်ချွန်နဲ့ ဆင်းလာလိုက်သည် ။ဘယ်လောက်ကောင်းတဲ့ ပိတ်ရက်လဲ ။ ရာသီဥတု က
သာယာနေတဲ့အပြင် အသည်းနဲ့လဲ အပြင်ထွက်ခွင့်ရဦး
မည် ။ အဖျက်သမားမပါပဲ အသည်းလေးနဲ့ နှစ်ယောက်
ထဲ လျှောက်သွားရမည်က ဘယ်လောက်များ ကျေနပ်
စရာကောင်းလိုက်သလဲ ။ ဒီအခွင့်အရေးကို ပတ်ချန်း
ယောလ်တို့စောင့်ဆိုင်းနေခဲ့တာ ။ ဒီကနေ့တော့ ရောက်
ရှိလာပြီမို့ ကောင်းကောင်းကြီး အသုံးချရမည် ။ရှင်းသန့်နေတဲ့ အသည်းရဲ့မျက်နှာပြည့်ပြည့်လေးကို ငေးကြည့်ရင်း ချန်းယောလ် အကျေနပ်ကြီးကျေနပ်နေခဲ့
၏ ။ ကားကိုလဲ လက်တဖက်က မောင်းနေပြီး လက်တ
ဖက်ကလဲ အသည်းရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်
သည် ။ ကြည်လင်နေတဲ့ အပြာရောင်မိုးကောင်ကင်
အောက်ဝယ် အသည်းနဲ့မောင် နှစ်ယောက်ထဲ ဒိတ်လုပ်
ကြမယ်လေ ။" အသည်းက စာအုပ်တွေဝယ်ရုံအပြင် သွားစရာရှိသေး
လား ! ရှိသေးရင်ပြောလေ မောင်လိုက်ပို့ပေးမယ် "စာအုပ်တွေကို ချစ်မြတ်နိုးတတ်တဲ့ ချစ်သူလေးကိုရထား
တော့လဲ ချန်းယောလ်တို့မှာ စာအုပ်ဆိုင်တွေချည်း လိမ့်
သွားနေတာတော့သည် ။ ချစ်သူတွေမဖြစ်ခင်ဒီအကြော
တင်းလေးနောက်ကို တကောက်ကောက်လျှောက်လိုက်
နေတုန်းကလဲ စာအုပ်ဆိုင်တွေအထဲထိ သူ လိုက်ခဲ့ရ
တာပဲ ။ သူ စာသင်တဲ့အိမ်တွေအထိ လိုက်စောင့်ပြီး အ
ချိန်တော်တော်ကြာကြာလဲထိုင်စောင့်ပေးခဲ့ရသေးတယ်။" မောင်! ရှေ့နားကဆိုင်ပဲ "
ဒီနားလမ်းထဲမှာတင် စာအုပ်ဆိုင် သုံးလေးဆိုင်လောက်
သူ တွေ့နေရသည် ။ သူကတော့ ဒီဆိုင်တွေကို လာတဲ့
လမ်းကိုမှတ်ထားရတော့မည်။ နောက်များ အသည်း
လေး လိုချင်တဲ့စာအုပ်ရှိတိုင်း လာလာဝယ်ပေးဖို့အဆင်
ပြေမည် ။ အသည်း စာအုပ်ရွေးချိန် သူကတော့ နား
လည်သယောင် သိသယောင်နဲ့ အနောက်ကနေ ဟိုစာ
အုပ်ဖွင့်ကြည့် ၊ ဒီစာအုပ်ဖွင့်ကြည့်လျှောက်လုပ်နေလိုက်
တယ် ။