ဂျုံအင်ကြည့်ရှင်းလိုက်တဲ့ ဖုန်းပြသာနာပြီးသွားပြီးနောက်
ပိုင်း ချန်းယောလ်ကတော့သူ့တနေ့တာအလုပ်ကို မ
ပျက်မကွက်လုပ်ဆောင်နေဆဲ ။ မနက်စောစော ကား
မှတ်တိုင်မှာသွားစောင့်တဲ့အလုပ်ကို မငြီးမငြူလုပ်နေဆဲ
ပဲ ။ ဒီနေရာမှာ မိန်းကလေးတယောက်သာဆိုရင်လွယ်
လွယ်ကူကူပဲ ချန်းယောလ်နဲ့တွဲဖြစ်နေတာကြာလောက်
ဲပြီ ။ ဒါပေမဲ့ မိန်းကလေးတယောက် မဟုတ်ဘဲ လုံးဝ
ကိုအကြောတင်းနေတဲ့ ကောက်ကွေးမို့ ချန်းယောလ်
အခုချိန်ထိအနားကပ်ဖို့တောင် မနည်းကြိုးစားအားထုတ်
နေရရှာသည် ။ ဂျုံအင်က ဒါကိုပြောရင်းအမြဲတမ်းခွက်
ထိုးခွက်လန်ရယ်တတ်လေ့ရှိသည် ။ပတ်ချန်းယောလ်တို့ရာဇဝင်ရိုင်းသည်ပေါ့ ဟဟား ! ဒါ
ပေမဲ့ အလွယ်တကူလက်မလျော့ပါဘူး ခက်ခက်ခဲခဲရ
တာတွေကမှ တန်ဖိုးထားဖို့ကောင်းတာလေ ။ အိုး ဂေါ့
ကိုယ့်ပါးစပ်ကနေ 'တန်ဖိုးထားတယ်´ဆိုတဲ့ စကားကို
ဂျုံအင်ကြားရင် စိတ်မှကောင်းသေးရဲ့လားဆိုပြီး စိတ်
ကျန်းမာရေးဆေးရုံပို့ပေးမလားဘဲ ။မင်း ချစ်နေမိပြီလို့ပြောလာရင် ကျွန်တော်အံ့သြမိမှာပဲ ။
တကယ်တမ်း ကိုယ့်လုပ်ရက်တွေကိုလဲ ကိုယ်အံ့သြနေ
ပြီ ။ အသည်းခွဲခံရမှာ သူ မဟုတ်ဘဲ အသည်းကွဲရမှာ
ကိုယ်ဖြစ်နေပေဦးမယ်လို့လဲ ခံစားနေရတယ် ။အခုလက်ရှိမှာ ကျွန်တော်တော်တော့်ကိုစိတ်ရှုပ်ထွေး
နေတယ် ။ အဖြေကတော့ ကျွန်တော်စောင့်နေတဲ့သူ အခုထိ ပေါ်မလာသေးလို့ပဲ နာရီလက်တံတွေက သူ
နာရီဝက်တိတိအချိန်နောက်ကျနေပြီဆိုတာကို ပြောပြ
နေတာမို့ ပိုစိတ်တိုလာတယ် ။" မင်း စောင့်မနေနဲ့တော့ အကိုက စက်ဘီးနဲ့ထွက်
သွားပြီ မင်းကိုရှောင်တဲ့နည်းလမ်းတခုပဲထင်တယ်"တခုခုဆိုဂျုံအင်ကိုဖုန်းဆက်လှမ်းမေးလိုက်တာနဲ့ အမြဲ
တမ်းတိတိကျကျသတင်းတွေပေးတာပဲ ကျေးဇူးတင်လှ
ပြီ ။စိတ်ပျက်တကြီး တောက်တချက်ခေါက်လိုက်တော့
'ကြမ်းလှချည်လား ဟေ့ကောင် ´ ဆိုတဲ့ စကားကို
ရယ်သံနှောရင်းမေးတယ် ။ အမှန်တကယ်ကို စိတ်တို
နေပြီ ။ တခုခုကိုကြံလိုက်ပြန်ပြီဆိုတာကို ခင်ဗျားတို့ယုံ
သလား ? တကယ်ပဲ တခုခုကိုစိတ်ထဲကနေကျွန်တော်
ကြံစည်ပြီးပြီ ခဏပဲစောင့်ပါ အကြောတင်းရဲ့ !