ဘတ်ဟျွန်းကိုအိမ်အထိလိုက်ပို့ခဲ့ပြီး ကိုယ့်တိုက်ခန်းကို
ပြန်ကာ တကိုယ်တည်းပြုံးဖြီးကာ လုပ်စရာမရှိဆေးလိပ်
သောက်နေပြီးအေးအေးလူလူထိုင်နေခဲ့တယ်။ ။ဘတ်ဟျွန်း
ကိုနမ်းခဲ့တာပဲကိုတွေးမိလိုက်တိုင်း လူက ပြုံးဖို့ပဲစိတ်က
ဖြစ်ပေါ်နေခဲ့သည် ။ လူအများရှေ့မှာမို့စိတ်ဆိုးနေတာ
တောင်ကြိတ်မှိတ်ပြီးကိုယ့်နောက်လိုက်လာခဲ့ရတဲ့ အ
သည်းက စိတ်ထဲမှာတော်တော်လေးဗလောင်ဆူနေခဲ့
မှာသေချာသည် ။ တခဏအတွင်း ထိကပ်မိခဲ့တဲ့ နူတ်.ခမ်းလေးက အိစက်စက် အခုထိ နူးညံ့မှုကိုခံစားနေမိ
တုန်းပင် ။တယောက်ထဲ တွေးလိုက်ပြုံးလိုက် သာသာယာယာရှိ
နေတုန်း ခြေလှမ်းကျယ်ကြီးတွေနဲ့ ရောက်ချလာတဲ့
ဂျုံအင်ကိုမြင်တော့ ရယ်ချင်လျက်လက်တို့ ။ ဒီကောင်
တကယ် ရောက်ချလာတာပဲ ဂျုံအင်ရာ ။သူ့အကိုကိုနမ်းလို့ ဒေါသူပုန်ထနေတဲ့ဂျုံအင်ကို သူမြင်ခဲ့
ပါသေးတယ် ။ လက်သီးလက်မောင်းတန်းပြီး ကား
နောက်ကိုပြေးလိုက်ပြီး ဖိနပ်တွေချွတ်ပြီးတောင် ပေါက်.လို့ပေါက် တယောက်ထဲ ကမ္ဘာပျက်ကျန်ခဲ့တာ ။" ဟေး ဂျုံအင် ! "
လက်ထဲက ဆေးလိပ်ကိုချလိုက်ပြီး ပြုံးစိစိမျက်နှာဘေး
နဲ့လှမ်းခေါ်လိုက်တာ့ အနားရောက်လာတဲ့ ဂျုံအင်ရဲ့ပုံစံ
က ခက်ထန်ထန် ။" ခွေးကောင် "
'ခွပ်' ခနဲပဲ ပစ်ဝင်လာတဲ့ဂျုံအင်ရဲ့ထိုးချက်ကြောင့် မျက်
နှာတောင်တဖက်လည်သွားတော့အထိ ၊ လူလဲယိုင်ပြီး
ဟန်ချက်ပျက်သွားတော့သည် ။ ဂျုံအင်ရဲ့ ရုတ်တရတ်
လုပ်လိုက်တဲ့အပြုအမူကြောင့် ချန်းယောလ် မယုံကြည်
နိုင်အောင် အထိုးခံလိုက်ရတဲ့ မျက်နှာကိုလက်ချောင်း
တွေနဲ့ထိရင် ဂျုံအင်ကို အံ့သြတကြီးလှမ်းကြည့်လိုက်
လေသည် ။ အသက်ရှူသံတွေပါပြင်းပြီး လက်သီးကို.ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ခက်ခက်ထန်ထန်ကြည့်နေ
တဲ့ ဂျုံအင်က ထူးဆန်းနေခဲ့သည် ။" ဂျုံအင် မင်းဘာဖြစ် "
သူ့စကားတောင်မဆုံးနိုင်သေး အင်္ကျီကော်လံကိုဆောင့်
ဆွဲကိုင်လိုက်ပြီး ရန်ဖြစ်တော့မဲ့အတိုင်း နှစ်ယောက်သား
နီးနီးကပ်ကပ် ။ စိတ်ကြီးနေတဲ့ ဂျုံအင်ကို ချန်းယောလ်
ဒီအတိုင်းသားကြည့်ပြီး ကိုယ်ထိလက်ရောက်ဘာမှပြန်
မလုပ်မိသေး ။ ဂျုံအင် ဘာဖြစ်နေတာလဲ ။