" ယောက်ဖ! တူတူသွားမယ် "ဂျုံအင်ရဲ့လည်ပင်းကိုသိုင်းဖက်လိုက်တဲ့ ချန်းယောလ် ။
ချန်းယောလ်ကတော့ ဂျုံအင်ကို ယောက်ဖချင်းထပ်နေ
အောင် ထပ်တလဲလဲခေါ်နေရတာကို သဘောကျနှစ်
ခြိုက်နေတာပါပဲ ။ ဂျုံအင်ကို ဂျုံအင် လို့တောင် မခေါ်
တော့ ယောက်ဖ လို့ပဲ တကြော်ကြော်ခေါ်နေတော့၏။
ဂျုံအင်တယောက်ကတော့ ဒါကို နားကြားပြင်းကပ်နေပါ
ပြီ ။ တခါတလေဆို အော်ဟစ်ဆဲဆိုသံတွေ ဆူညံသွား
တတ်သည် ။ လက်ရှိက ကျောင်းဝန်းထဲမှာမို့ ဂျုံအင် ဆဲဆိုချင်တာတောင် ပါးစပ်ပိတ် အသံတိတ်နေရသည်
ကြောင့်သာ ။" ယောလ် ဆောတီး ချန်းယောလ် "
ချန်းယောလ်တယောက် ငယ်ထိပ်မြွေပေါက်သည့်နှယ်။
သူ့ကို ယောလ် လို့ခေါ်တတ်တဲ့ သူ့ရည်းစားဟောင်းထဲ
က တယောက် ' ဂျယ်ယောင်း ' ။ သူမက တက္ကသိုလ်
မှာ နာမည်ကြီး မိန်းမလှလေးတယောက် ။ ပြောရမယ်.ဆို ပတ်ချန်းယောလ် အသဲခွဲတာခံလိုက်ရတဲ့ မိန်းမလှ
လေးပေါ့ ။ သူမက အခုထိ ချန်းယောလ်ကို စွဲစွဲလမ်း
လမ်းရှိနေတုန်း ။ အခုထိတောင် အခေါ်အဝေါ်ကို မ
ပြောင်းလဲနိုင်သေးတာကိုပဲ ကြည့်ပါလား ။" ဂျုံအင် ! "
အား ! ဒါ ချန်းယောလ်ရဲ့ တကယ် အကြီးအကျယ် ပွဲ
ကြီးပဲ ။ ဘတ်ဟျွန်းက ညီဖြစ်တဲ့ဂျုံအင်ကို လှမ်းခေါ်ပြီး
အနားကို ရောက်ချလာတော့ ပတ်ချန်းယောလ် တစ်
ယောက် ပြာယာခတ်ပြီး အားကိုးတကြီးနဲ့ ဂျုံအင်ရဲ့
လက်မောင်းကို အတင်းလှမ်းဖက်တွယ်တယ် ။အားကိုး
ရတဲ့ ယောက်ဖက သူ့လက်ကို ပုတ်ထုတ်လိုက်ပြီး အကို
ဖြစ်သူ ဘတ်ဟျွန်းကို ဝမ်းသာအားရ ပြုံးပြလိုက်လေ၏။" မေမေက ဒီတပါတ်မုန့်ဖိုးမေ့ပြီး မပေးလိုက်ရလို့တဲ့"
ပြောပြောဆိုဆိုနဲ့ဘတ်ဟျွန်းကသူ့ပိုက်ဆံအိတ်ကိုထုတ်
ပြီး ပိုက်ဆံတွေ ထုတ်ပေးနေတုန်း ဂျယ်ယောင်းဆိုတဲ့
မိန်းကလေးကလဲ ချန်းယောလ်အနား ရှိလို့နေ၏ ။" ဂျယ်ယောင်း ယောလ်ကိုပြန်မရနိုင်တော့ဘူးလား"
ချန်းယောလ် အကြပ်ရိုက်နေတဲ့ရုပ်ကြီးနဲ့ ဘတ်ဟျွန်းကို
လဲ မသိမသာ မျက်လုံးစွေကြည့်ပြီး ဂျုံအင်ကိုလဲ တံ
တောင်နဲ့ အတင်းတွတ်တော့သည် ။ သူသဘောက
ယောက်ဖရေ ကူပါဦးပေါ့ ။ သို့ပေမဲ့ ဂျုံအင်လေးဟာ
ချန်းယောလ်ပြောနေကျ အကျင့်မကောင်းတဲ့ကောင်က
လေး မဟုတ်ဘူးလား ။
![](https://img.wattpad.com/cover/220730390-288-k854356.jpg)