ဂျုံအင်တို့ အိမ်ရဲ့ မိသားစုဝင်အရေအတွက်က လွန်ခဲ့တဲ့
တစ်ပါတ်လောက်က တယောက်တိုးလာခဲ့တယ် ။ အကို
လက်ထပ်ခဲ့ပြီး သူ့လူက ဒီမိသားစုဝင်ဖြစ်လာတာဂျုံအင်
လေးမှာ လက်မခံချင်ပဲ လက်ခံပေးခဲ့ရသည် ။ လက်မခံ
ချင်လဲ ရမှမရတော့တာ ။ လက်ထပ်ခွင့်တောင်းတုန်းက
သူကိုယ်တိုင်ပဲ အကွက်ကျကျ စီစဉ်ပေးခဲ့မိသည်လေ ။အိမ်အပေါ်ထပ်ကနေ ဆင်းလာတဲ့ ဘတ်ဟျွန်းက ဟို
ကြည့်ဒီကြည့် ရှာဖွေရင်း TVရှေ့ တယောက်ထဲ ဇိမ်ကျ
နေတဲ့ မေမေ့ကို လှမ်းမေးလိုက်တယ် ။" မေမေ ဟိုနှစ်ယောက်ကော ဘယ်ရောက်နေလဲ ?"
အိမ်က တိတ်ဆိတ်နေတဲ့ အခြေအနေရောက်ရင် ဒီနှစ်
ယောက်အရမ်းတည့်နေတဲ့အချိန်အခါပဲဖြစ်ပေလိမ့်မယ်၊
မတည့်အတူနေဆိုတာ တကယ်ပင် သူတို့နှစ်ယောက်
ကို ရည်ညွှန်းတာပင် ။ မျက်နှာချင်းဆိုင်လိုက်တိုင်း ရန်
ဖြစ်တတ်ပြီး အမြဲတမ်းလဲ တပူးပူးတတွဲတွဲနေတတ်၏။" အဲ့ဒီနှစ်ကောင်ကို အိမ်နောက်က ပန်းအိုးတွေနားမှာ
မြေတူးခိုင်းထားတယ် မေမေ ပန်းပွင့်လေးတွေ ထပ်
ိုစိုက်ချင်လို့ အလုပ်ပေးထားလိုက်မယ် "" မေမေကတော့ မကြောက်မရွံ့ သူတို့ကို..... ".
" ခွေးကောင် ငါ့ကိုထိရဲထိကြည့် မင်းသေပြီမှတ် "
ဘုရား ။ ဘတ်ဟျွန်းတယောက် သူ့စကားမဆုံးလိုက်
သေးဘူး ။အော်ဟစ်ထွက်ကျလာတဲ့ အသံကြောင့် ဟင်းခနဲ သက်ပြင်းချမိသည် ။ မေမေကလဲ စိတ်ပျက်
တကြီး မော့ကြည့်လာကာ သက်ပြင်းရှည်ကြီးချသည် ။
ဒီနှစ်ယောက်ကို အချိန်ကြာကြာ ပူးထားလို့ကို မရတာ။အနောက်ဘက်က အသံတွေက ပိုကြားလာပြီး ဝုန်းဝုန်း
ဒိုင်းဒိုင်းတွေပါ ဖြစ်လာတော့ သူတို့်နှစ်ယောက်စလုံး
အိမ်နောက်ဘက်ကို အပြေးသွားရတော့သည် ။" အမလေး! ငါ့ပန်းပင်တွေ ကုန်ပါပြီ နင်တို့်က ကလေး
တွေလား အားအားရှိ ရန်ဖြစ်နေအောင် ၊ "မေမေတယောက် လဲပြိုနေတဲ့ သူ့ပန်းအိုးတွေကို အ
တင်းပြေးထောင်လိုက်ရတယ် ။ ဒီနှစ်ယောက်ကတော့
မြေပေါက်နေရင်း ရွံ့ ခဲတွေနဲ့ တယောက်နဲ့ တယောက်
ပစ်ပေါက် သတ်ပုတ်ကြသည်လေ ။ လူတွေကလဲ ပေ
ကျံနေပြီး ခေါင်းပေါ်မှာတောင် ရွံ့ တွေပေလူးနေတာ။
လက်ထဲမှာလဲ ရွံ့ မြေတွေ ဆုပ်ကိုင်ထားကြသေးတယ်။