(Final Part)ဒီကနေ့က ချန်းယောလ်နဲ့ဂျုံအင်တို့ စာမေးပွဲကြီးပြီးဆုံး
သည့်နေ့မို့ ဂျုံအင်ရဲ့မေမေက အရသာတွေရှိတာတွေ
ချက်ကျွေးဖို့ ပြင်ဆင်နေတယ် ။ ချက်ပြုတ်တာနဲ့ပတ်
သက်ရင် ကူညီဖော်ကူညီဖက်မရတဲ့ ဂျုံအင်ကတော့
ကျောင်းဝတ်စုံတောင်မလဲရသေးဘဲ ဂိမ်းဆော့နေတယ်၊
ယောက္ခမကြီးစီက အမှတ်ရရေးအတွက် မီးဖိုခန်းထဲမှာ
ပါးချိုင့်ကြီးပေါ်အာင်ပြုံးရယ်နေပြီး ကူညီနေတဲ့ သားမက်လောင်းလေး ချန်းယောလ် ရှိနေတယ် ။" ချန်းယောလ်ကို ဒါမျိုးတွေ လုပ်တတ်မယ်လို့ကို မ
ထင်ထားဘူး အိမ်ကသုံးစားမရတဲ့သားငယ်နဲ့ ကွာ
လိုက်တာ ကြည့်ပါဦး ဂိမ်းဆော့ဖို့ပဲသိတယ် "ယောက္ခမကြီးကတော့ သူ့ရဲ့သုံးစားမရတဲ့ သားငယ်ကို
မျက်စောင်းတခဲခဲနဲ့ ။ ချန်းယောလ်ကတော့ ကျောင်းအ
င်္ကျီလက်ကို တံတောင်ဆစ်ထိ ဆွဲတင်ထားပြီး အရွက်
တွေ ဆေးကြောနေတယ် ။ မီးဖိုခန်းထဲမှာ ဒီသားမက်နဲ့
ဒီယောက္ခမကြီးတို့ ချက်ပြုတ်တာနဲ့ပဲ အလုပ်များနေကြ
တယ် ။ချန်းယောလ်ရဲ့အသည်းလေးကတော့ အခုထိ ကျောင်း
ကနေ ပြန်ရောက်မလာသေးဘူး ။ စာမေးပွဲ နောက်ဆုံး
ဖြေရက်ဆိုတော့ ဆရာပီပီ အသည်းက အလုပ်များနေ
လောက်မယ် ။ခဏနေရင်တော့ သူ အသည်းလေးဆီ
ဖုန်းဆက်ကြည့်ဦးမယ် ။ အရမ်းနောက်ကျနေရင် သူ
ကိုယ်တိုင်ပဲ သွားကြိုတော့မယ် ။ စာမေးပွဲခန်းထဲက
ထွက်လာချင်းချင်း တဖက်အခန်းဝမှာ မတ်တပ်ရပ်နေ
တဲ့ အသည်းက နူတ်ခမ်းလေးလှုပ်ရုံ ဖြေနိုင်လားလို့ တီး
တိုးလှမ်းမေးနေသေးတယ် ။ " ဖြေနိုင်တယ်" လို့
လက်မထောင်ပြလိုက်တော့မှ ရင်အေးသွားသလို ပြုံး
သွားတဲ့ အသည်းလေး ။" ချန်းယောလ် ခဏနေရင် သားရေချိုးတော့ အန်တီပဲ
ဆက်လုပ်လိုက်မယ် ။ နားလိုက်ဦး စာမေးပွဲကြောင့်
လဲ ပင်ပန်းထားတာ "ယောက္ခမကြီးက သူ့ကျောကိုအသာပုတ်လို့ နားဖို့တဖွဖွ
ပြောနေတော့ မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်တယ် ။
အပြင်မှာတော့ ဒူးထောင်ပြီး အသည်းအသန်းဂိမ်းဆော့
နေတဲ့ ဂျုံအင် ရှိနေသေးတယ် ။