Seventeen

3.3K 413 0
                                    

ဂျုံအင်တယောက် ဘာစိတ်ကူးတွေပေါက်သလဲမသိ
ချန်းယောလ်ပုခုံးကိုပြေးဖက်ပြီး စပ်ဖြီးဖြီးရုပ်နဲ့ ကြည့်
လာတော့  ကြက်သီးထရသူက ပတ်ချန်းယောလ်ပင် ။
မဟုတ်မှ  ဘာပွဲတွေရှုံးထားလို့ အကြွေးဆပ်ခိုင်းမှာ
တော့  မလုပ်လောက်ပါဘူးနော် ။  ပြောမရဘူး ဒီ
ကောင်က ယောက်ဖဆိုပြီး နိုင်စားနေတာ ။ သူ့ဒဏ်ကို
လိမ့်ပိန့်ခံနေရတာလဲ   မလွယ်လှ ။ ကိုယ့်မုန့်ဖိုးလေး
တွေက ဂျုံအင်နောက်ကို ပါပါသွားတာ မနည်းလှတော့။

"  ဟေ့ကောင်   ! ဒီည အပြင်ထွက်ရအောင်  "

ညဘက်အပြင်ထွက်ဖို့ အဖော်လာစပ်တဲ့ ဂျုံအင်ရဲ့လက်
ကို ပုခုံးပေါ်ကနေ ဖယ်ချလိုက်ပြီး ပြုံးစိစိရုပ်နဲ့ လက်ခါ
ပြလိုက်တော့ လူကို အတင်းတွန်းထုတ်ပစ်တော့သည်။

"  ဆောတီးပဲ ယောက်ဖ အသည်းလေးနဲ့ အပြင်သွား
ဖို့ ချိန်းထားတယ်   "

" သောက်ခွက်ကိုက ကျက်သရေမရှိဘူး "

ဂျုံအင်တယောက်လဲ ခင်မင်ရတဲ့သူငယ်ချင်းကြီးကရည်း
စားရသွားပြီးနောက် အဖော်မဲ့လာတဲ့ရက်တွေက များ
လာနေပြီ ။  ဆိုးဖော်ဆိုးဖက် သူငယ်ချင်းကောင်းကြီး
က အခုတော့  ငြိမ်ကုတ်သွားတာများ သြချလောက်
စရာ ။ အကိုက တခွန်းဆို တခွန်း  ငြိမ်သွားလိုက်တာ
များ  ဒါက ပတ်ချန်းယောလ်များလားလို့ မျက်လုံးကို
ပွတ်သပ်ပြီး မနည်းကြည့်ယူရတဲ့အဖြစ်ရောက်နေပြီ ။

" တကိုယ်တည်း လူပျိုကြီးလုပ်တော့မလို့လား ဂျုံအင်"

" မင်း ပါးစပ်ကို ပိတ်ထား   ခွေးကောင် "

ပတ်ချန်းယောလ်ဆိုသည်မှာလဲ ဂျုံအင်ကိုဆို မစရ မနေနိုင်သူမို့ သွားသွားစပြန်သည် ။ စိတ်ဆိုးတကြီးနဲ့
ပြန်အော်ဆဲမယ်ဆိုတာကို သိသိကြီးနဲ့ သွားအဖြီးသား
နဲ့ အဆဲခံအဆိုခံ သွားသွားစတာက သူ့အားဆဲသည်ကို
ပန်းနဲ့ပစ်ပေါက်နေသည့်နှယ် ။ ရည်းစားမရှိတဲ့ ဂျုံအင်
ကို သွားသွားစရတာ ပျော်ဖို့လဲတော်တော်ကောင်းတယ်၊

"  ဗျို့!  ကောင်မလေး မရသေးတဲ့ လူပျိုကြီး  "

" ဆောတီးပဲ  ချန်းယောလ်!  မျက်လုံးလေး တဖက်ကို
မှိတ်ပြလိုက်ရုံနဲ့ ကောင်မလေးတွေ တပုံကြီးပါလာနိုင်
တဲ့ ငါပါကွ "

Can I Be Your Boyfriend? Where stories live. Discover now