နေ့လည် ကျောင်းဆင်းချိန်တွင် ဟောက်ရွမ်တစ်ယောက်
ရေဘူးတစ်ဘူး နဲ့ တစ်ရှူးလေးတစ်ထုတ်ကို ဝယ်ကာ ခုံအောက်ထဲတွင် ထည့်သိမ်းထားလေသည်။ညနေရောက်သော် ...........
ရီပေါ်တစ်ယောက် ရှင်းချန်နှင့် တစ်လမ်းလုံးပြုံးပြီး
စကားပြောလာသမျှ စာသင်ခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် မျက်နှာကြီးတည်ကာ စာသင်ခန်းထဲသို့ ဝင်လာလေသည်။ရီပေါ်အခန်းထဲ ဝင်လာသည်မှစ၍ မျက်တောင်မခတ်တမ်း ငေးကြည့်နေသော ရှောင်ကျန့်ကို ရီပေါ်တစ်ချက်ကလေးမှ လှည့်မကြည့်ပေ။
ထိုင်ခုံတစ်ခုံတွင် နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ထိုင်နေသော်လည်း ........ရီပေါ်ကတော့ စာအကြောင်းမှ
လွဲ၍ ရှောင်ကျန့်ကို အပြင်စကားတစ်ခွန်းလေးမှ မဟပေ။ခဏအကြာ ရှောင်ကျန့်က
"ရီ...ရီပေါ် .....ငါ တောင်းပန်ပါတယ် .....
ငါ့ကို ခွင့်လွှတ်ပါနော် ....." ဟုဆိုကာ နှစ်ဦးတည်းကြားနိုင်သော လေသံဖြင့် ပြောလေသည်။သို့သော်လည်း ရီပေါ်က မျက်နှာသေကြီးဖြင့် ရှောင်ကျန့်အား သေချာပြန်ကြည့်လိုက်ပြီး........
"ကျောင်းသား .....ကျောင်းအချိန် စာလုပ်ပါ ......
အပြင်စကား မပြောရဘူး....." ဟုဆိုပြီး ပြောကာ အခြားဝိုင်းသို့ ထွက်သွားသော ရီပေါ် ......တစ်ဖက်တွင်တော့ .........
"ဆရာလေး ရှင်းချန် ချွေးတွေထွက်နေပြီး ......
ကျွန်တော်သုတ်ပေးမယ်နော် ..." ဟုဆိုကာ ခွင့်ပြုချက်မယူဘဲ သေချာချွေးသုတ်ပေးနေသော
ဟောက်ရွမ်း........ထိုကဲ့သို့ ဟောက်ရွမ်းရဲ့ ပရမ်းပတာဖြစ်နေသော
ပုံစံကြောင့် အခန်းထဲရှိ Fujoshi တစ်သိုက်ကတော့
ကြိတ်ပြီးပြုံးနေလေရဲ့.........ညနေပိုင်းစာပြီး၍ ကျောင်းသားအားလုံး ပြန်သွားသော်လည်း ရှောင်ကျန့်က မပြီးသေး......
ရှင်းချန်က ရီပေါ်ကို " စာပြပြီးရင် ထွက်လာခဲ့ အပြင်မှာ စောင့်နေမယ် ..." လို့ ပြောတော့ ရီပေါ်က" ရှင်းချန် .....ငါ ငါအရေးကြီးတာလေး
ရှိသေးလို့ .....ငါ့အစား သူ့ကိုကြည့်ထား
ပေးပါဟာ......ငါအခု သွားရမယ် ပြီးရင် မင်းကိုငါပြန်လာခေါ်မယ် ....." ဟုဆိုကာ အခန်းထဲမှ
ပြေးထွက်သွားသော ရီပေါ် .........
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........