ရှောင်ကျန့်နိုးလာတော့ သူ၏ရင်ခွင်ထဲတွင် နှစ်မြုပ်အောင် တိုးဝင်ပြီးအိပ်ပျော်နေသော ရီပေါ်၏နဖူးလေးအား အနမ်းတစ်ပွင့် ပေးလိုက်လေသည်။
တစ်ဆက်တည်းမှာပင် မနေ့ညကအကြောင်းတို့က
ခေါင်းထဲအစီအရီ ပေါ်လာသောကြောင့်ရှောင်ကျန့်
ရီပေါ်မျက်နှာလေးကို တစ်ချက်ပြန်ကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။" ကိုကို ....ကိုကို " ဟူသော ညည်းသံအချို့က ရှောင်ကျန့်နားထဲတွင် မရေမရာနှင့် အသေအချာကြားနေရလေသည်။ ခန္ဓာကိုယ်ကလည်း တစ်ခုခုဖြစ်နေပြီး လှုပ်ရှား၍မရအောင်ကို ချုပ်နှောင်ထားသလို ခံစားနေရလေသည်။
အားယူပြီး မျက်လုံးဖွင့်ကြည့် လိုက်တော့ မိမိကိုယ်ပေါ်တွင် တက်ထိုင်ကာ မိမိကိုယ်အား စိတ်ရှိသလိုပြုမူနေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏ မပွင့်နိုင်သော မျက်လုံးတို့အစုံသည် ချက်ခြင်းဆိုသလိုပင် ပြူးကျယ်လာခဲ့လေသည်။
"က.....ကလေး ဒါဘာလုပ်နေတာလဲ ? ။ ဖယ် ...ဖယ်ပါဉီးကွာ။ "
" မဖယ်နိုင်ဘူး ။ "
"ရီပေါ် ....ကိုယ်ပြောနေတယ်လေ ။ ကုတင်ပေါ်ကို ဆင်းလို့ !! ။ " ဟုဆိုကာ အသံမာမာနှင့် အော်လိုက်သော ရှောင်ကျန့်ကြောင့် ရီပေါ်လုပ်လက်စကိစ္စများအား ရုတ်တရက် ရပ်တန့်သွားပြီး ရှောင်ကျန့်အား မျက်နှာငယ်လေးနှင့် ပြန်ကြည့်လာလေသည်။
"ဆင်းလို့ ကိုယ်ပြောနေတယ်လေ ။ ဘယ်လို ဖြစ်လို့ စကားနားမထောင်ချင်ရတာလဲ ကလေးရဲ့ ? ။ " ဟုဆိုကာ ရှောင်ကျန့်က လေသံနည်းနည်း ပြန်လျော့သွားတော့ ရီပေါ်တစ်ယောက် ခေါင်းလေးငုတ်ကာ ကုတင်းပေါ်သို့ ဆင်းထိုင်လေသည်။
ထို့နောက်တွင်မူ မျက်နှာမဖော်ဘဲ ခေါင်းငုတ်ထားကာ
ပြောလာသော စကားက ........"တောင်းပန်ပါတယ် ။ ကိုကို အဲ့လောက်စိတ်ဆိုးသွားမယ် မထင်လို့ပါ။ ပြီးတော့ ..
ကိုကိုမကြိုက်ရင် ကလေးနောက်ခါ မလုပ်တော့ပါဘူး" ဟုဆိုကာ ပါးပြင်ပေါ်သို့ ကျလာသော မျက်ရည်များကို ဖုံးကွယ်ရန် အခန်းထဲမှပြေးထွက်သွာမည် လုပ်နေသော ရီပေါ်ကို ရှောင်ကျန့်ကပင် အမြန်လှမ်းဆွဲကာ နောက်ကျောမှ နေ၍တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........