တစ်လလောက်ရှိပြီး .....လင်းအိမ်ကနေ ထွက်သွားခဲ့တာ။ကိုကိုက လင်းထွက်သွားတဲ့ နေ့ကစပြီး အမြဲလိုလို မှိုင်နေလေ့ရှိတယ် ။ ဘာအကြာင်းကြောင့်လဲဆိုတာကို ကိုကို့ကိုလည်း တိုက်ရိုက်မေးလို့ မရခဲ့သလို ၊ ကိုကိုကလည်း ၀န်မခံခဲ့ဘူး။ညဘက်တွေမှာ ကိုကိုကတစ်ရေးနိုးထလေ့ ရှိပြီး အမြဲတမ်းစာအုပ်လေး တစ်အုပ်တွင် တစ်ခုခုကိုရေးမှတ်လေ့ရှိတယ်။ ထိုစာအုပ်လေး၏အဖုံးက ပြောင်ကိုမှ အနီရောင်သက်သက် ဖြစ်ပြီး ကိုကို့၏ဒိုင်ယာရီလေး ဖြစ်ပုံရတယ်။ ကိုကိုအပြင်သွားတိုင်း အဲ့ဒီစာအုပ်လေးကို အိမ်အတွင်း ဘယ်လိုရှာရှာ မတွေ့ခဲ့ဘူး။
တစ်နေ့ .....လိုင်းပေါ်တွင် လင်းကဆိုဖာလေးပေါ်တွင် ထိုင်သည့်ပုံလေးနှင့်အတူ တက်လာသောစာသားလေးက ရီပေါ်ကိုအတွေးများစေသည်။
"1 month anniversary ပါ မောင်ရေ။ မကို နားလည် ဂရုစိုက်ပြီး ချစ်ပေးတဲ့ မောင့်ကို မ အရမ်းချစ်တယ်နော် ။"
ထိုစာသားလေး ဖတ်အပြီးတွင် ရီပေါ်တစ်ယောက် အတွေးလွန်လာပြီး ရုတ်တရက် လင်း၏ဓါတ်ပုံနောက်ခံလေးမှ ပေါ်နေသော အနီရောင်စာအုပ်လေးအား မြင်လိုက်ရလေသည်။အနီရောင်ပြောင်လေးဖြစ်ပြီး ဒိုင်ယာရီစာအုပ်ပုံစံလေး ဖြစ်နေသော ထိုစာအုပ်ကို ရီပေါ်သေချာချဲ့ပြီး ကြည့်လိုက်သောအခါ ရှောင်ကျန့်ညညဘက် ခေါင်းအုံးအောက်မှ ထားအိပ်သောစာအုပ်နှင့် ချွတ်စွပ်တူနေလေသည်။
မယုံနိုင်သဖြင့် သေချာပြန်ကြည့်မိရာ စာအုပ်အဖုံးတွင်ထိုးထားသော လက်မှတ်လေးက စာအုပ်ပိုင်ရှင်သည် ရှောင်ကျန့်ပါဟု ပြောနေလေသည်။သေချာပြန်တွေးကြည့်မှ တစ်ခါတစ်လေ ပျောက်ပျောက်သွားတတ်သော ကိုကိုက ဘယ်ဆီကိုသွားနေမှန်း သိခဲ့ရလေသည်။
အတွေးများက မွန်းကြပ်စေတော့ မျက်ဝန်းအိမ်တွင် မျက်ရည်များသာ ပြည့်လျှံနေပြီး ပါးပြင်ထက်သို့တော့ ကျဆင်းမလာခဲ့ပေ။ကိုကိုက ရက်စက်လွန်းလို့ ရှိသမျှဒဏ်ရာတွေအတွက် အော်ရိုက်ငိုပစ်လိုက်ချင်ပေမဲ့ ငိုပြီးတဲ့နောက် ဝေးကွာသွားမှာကိုတော့ ရီပေါ်မလိုလားပေ။ထို့ကြောင့် တွေးမိသည်က ကိုကိုကျွန်တော့်ကိုချစ်လည်း ကျွန်တော့်အနားမှာနေရမယ် .....မချစ်လည်း အနားမှာပဲ နေရမယ်။ကိုကိုဆိုတာ ကျွန်တော်တစ်ယောက်တည်းပိုင်တဲ့ အရာ.....အခြားသူက ၀င်ကာနေရင်တော့ ကျွန်တော်ရှင်းပစ်ရမှာပဲ။

YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........