နွေက ပူတယ် ။ ရီပေါ်ရင်ထဲမှာလည်း ပူလောင်မှုတွေက နေရာယူလို့နေတယ် ။ဖြစ်နိုင်ရင် အရာအားလုံးကို လွှတ်ချခဲ့ပြီး ထွက်ပြေးသွားချင်မိတယ် ။
ဒါပေမဲ့လည်း နောင်တဆိုတာ နောင်မှရတဲ့အရာမို့လို့ ကုန်လွန်ပြီးတဲ့အချိန်တွေကို ပြန်လိုချင်လို့လည်း မရနိုင်သလို မှားခဲ့ပြီးသားအမှားတွေကလည်း ပြန်ပြင်ဆင်လို့မရတော့ဘူး။မှားတဲ့အမှားတွေကို ပြန်ပြင်ဆင်လို့မရတော့တဲ့အခါ မှားနေတဲ့အတိုင်း ဆက်သွားဖို့ဘဲ ရွှေးချယ်ရမယ်။
တကယ်တော့လေ ကိုယ်ကတစ်စုံတစ်ယောက်ကို ချစ်မိတယ်ဆိုရင် ပူလောင်မှုကအလိုလို ကပ်ပါလာတယ် ။ ချစ်သင့်တာထက် ပိုချစ်မိရင် ပိုပူလောင်ရပြီး ၊ ပိုပြီးနားလည် ခွင့်လွှတ်ပေးနိုင်ရတယ်။မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ဒါဟာဝေးကြရအောင်လို့ ပြောနေသလိုပါပဲ။
ဒါကြောင့်ပဲ ရှေးကလူတွေက ချစ်သူနှစ်ဉီးမှာ ပိုချစ်တဲ့သူက ပိုပူလောင်ရတယ်လို့ ပြောခဲ့ကြတာ။
အခုရီပေါ်လည်း အဲ့ဒီလို ပိုချစ်မိတဲ့လူ အမျိုးအစားထဲမှာပါတော့ အချစ်ထက် ပူလောင်မှုတွေက သူ့ရင်ထဲမှာ ပြည့်လို့နေတယ်။ လင်းကို လူသားတစ်ယောက် အနေနဲ့ဆို ကိုယ်ချင်းလည်းစာတယ် ၊ ခင်မင်တယ် ၊ သနားမိတယ်။ဒါပေမဲ့ ပူလောင်မှုတွေ များနေတဲ့သူ့ အချစ်အတွက် ကြည့်မယ်ဆိုရင် လင်းဟာ ရီပေါ်နဲ့ ရှောင်ကျန့်ကြားက ကာစီးထားတဲ့ အတားအဆီးတစ်ခုပဲ။
ရီပေါ်က ကိုကို့ဆီကို လာခဲ့ဖို့ဆိုရင် အဲ့ဒီအတားအဆီးကို ဖြိုဖျက်မှရမှာ ဖြစ်တဲ့အတွက် ရီပေါ်က အတားအဆီးဖြစ်တဲ့ လင်းကို သူတို့ကြားကနေ ပျောက်သွားအောင် ဖယ်ထုတ်တယ်။
ကိုယ့်ရဲ့ နဂိုစိတ်အရင်းခံကို သွေဖယ်ပြီး ပြုမူနေတဲ့ ရီပေါ်က လင်းကိုတစ်ခါ ရိုက်လိုက်တိုင်းမှာ သူ့ကိုယ်သူ ရွံရှာမှုတွေဖြစ်လာတယ်။ အချက်ပေါင်းများစွာ ရိုက်နှက်မိပြီးတဲ့ နောက်မှာတော့ သူ့ကိုသူ မကောင်းဆိုးဝါး တစ်ကောင်လို့ ခံယူလာတယ် ။ ဒီလိုနဲ့ပဲ ရီပေါ်ဆိုတာ ဝေဒနာကို ပြောပြလို့မရဘဲ တစ်ယောက်ထဲ ခံစားတတ်တဲ့သူသာ ဖြစ်လာခဲ့တယ် ။
..............................................................................................................................
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........