ရီပေါ်တို့အိမ်တွင် ဖြစ်သည်။ဟောက်ရွှမ်နှင့် ရှင်းချန်တို့ ရောက်ပြီး ခဏအကြာတွင် ကျန်တဲ့လူလေးယောက်လည်း ရောက်လာကြလေသည်။
အရင်ခါက သူငယ်ချင်းတွေ လူစုံတက်စုံ ရောက်လာကြလျှင် အံ့ဩစရာ မရှိသော်လည်း ယခုအခါတွင်မူ ကျန်ချန်းတို့နှင် ရောပါလာသည့်သူမှာ အရင်က ရှောင်ကျန့်တို့၏ အဖွဲ့ဝင်ဟောင်း ရှီးရှီ ဖြစ်သည်။
ရှီးရှီဆိုသူမှာ ရှောင်ကျန့်တို့၏အဖွဲ့ထဲတွင် လင်း၏အချစ်ဆုံး ၊ အခင်ဆုံး မိန်းကလေး သူငယ်ချင်း တစ်ယောက် ဖြစ်တယ်။
သူငယ်ချင်းဆက်ဆံရေးထက် ပိုတဲ့ ညီအမသံယောဇဉ်ရှိသောကြောင့် ယခု ရှီးရှီ ပေကျင်းကိုလာခဲ့တာ လင်းဆီကိုလာခဲ့မှန်း ရှောင်ကျန့်ရိပ်စားမိပါသည်။
"မတွေ့တာ ကြာပြီး ......ကျန့်ကော ။"
"အင်း..... ဆိုပါတော့ ။"
" ဒါနဲ့ လင်းဆီလာခဲ့တာ .....သူရှိလားဟင် ? ။သူ့ကို ခေါ်ပေးပါလား....ရှီးရောက်နေတာ သူမသိသေးဘူးနဲ့တူတယ်။"
"အင်း.......အဲ့တာကလေ....ကောတို့လည်း လင်းနဲ့မတွေ့ဖြစ်တာ ကြာပြီး ။သူ့ကိုတောင် ရှီးရှီဆီသွားတယ်ပဲ ထင်နေတာ ။သူမလာဘူးလား ?။"
"ဘယ်လို ! ...ရှီး ဆီကိုလား ?....မလာဘူး ကျန့်ကောရေ ။ သူ ကျန့်ကော ဆီကို သွားမယ်ဆိုပြီး ထွက်လာခဲ့တာလေ ။ ဟိုးလတွေကတောင် သူနဲ့စကားတွေ ပြောဖြစ်ကြသေးတယ် ။ကျန့်ကော အိမ်မှာပဲ သူနေနေတာဆို ။အခုက ဘာလို့ သူထွက်သွားတာလဲ ? ။"
ရှောင်ကျန့်တစ်ယောက် ရှီး၏မေးခွန်းထုတ်မှု အဆုံးမှာ သက်ပြင်းတစ်ချက်ကို အခိုင်အမာချလိုက်ပြီး ရှီးအား......လင်းနဲ့သူ၏အကြောင်းစုံကို ပြောပြသ့င်သလောက် ပြောပြခဲ့လေသည်။
ထို့နောက်တွင်မူ လင်းက မိမိတို့ အိမ်တွင်နေမပျော်၍ တိုက်ခန်းငှားကာနေပြီး တစ်လအကြာမှ စာတစ်စောင်ထား၍ ခြေရာဖျောက်သွားသည်ကို ရှောင်ကျန့်က ရှီးကိုပြောပြခဲ့လေသည်။
သို့သော် လင်း၏စိတ်ကို အတွင်းကျကျသိသော ရှီးက လင်းသည် စာတစ်စောင်သာထားခဲ့၍ ခြေရာဖျောက် သွားသည်ကို မည်သည့်နည်းနှင့်မျှ မယုံနိုင်ပေ။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........