ရှောင်ကျန့်တစ်ယောက် ဒီရက်ပိုင်းအတွင်း စာအရမ်းလုပ်လာတယ်.........
အရင်က စက်ဘီးနင်းရမှာ ပျင်းလို့ဆိုပြီး ကျောင်းကိုဆိုင်ကယ်နှင့်လာသော ရှောင်ကျန့်တစ်ယောက်......
အခုတော့ အစိမ်းရောင်ခြယ်ထားသော စက်ဘီးလေးကိုသာ နင်း၍ကျောင်းလာလေသည်။ကျန်ချန်းတို့ကမေးတော့လည်း "အကြောင်းပြချက်မရှိပါဘူး.......
ဒီတိုင်းစီးချင်စိတ် ပေါက်လာလို့ပါ " ဟူ၍သာ ဖြေလေသည်။ထိုသို့နေ့ရွှေ့ညရွှေ့နှင့် အချိန်ကုန်ခဲ့ရာ
ဒုတိယလပတ် စာမေးပွဲအချိန်အခါပင် ရောက်လာလေတော့သည်။အရင်က စာမေးပွဲဖြေရာတွင် စာမေးပွဲအခန်းကို
ဆရာတွေသာ လာစောင့်ပေးသော်လည်း........
အခုတွင် ဆရာလောင်ရှီက စာမေးပွဲရက်အတွင်း
အလွန်ဖျားနေသောကြောင့် ဂိုက်ဆရာဖြစ်သော ရီပေါ်ကသာ ဆရာလောင်ရှီအစား လာစောင့်ပေးရလေသည်။"ကယ် ! ဒီနေ့ကျွန်တော် အတန်းစောင့်ရမှာ......
ကောင်းကောင်းဖြေကြနော်.......""အင်း......."
စာမေးပွဲခန်းထဲတွင် ရီပေါ်တစ်ယောက် အခန်းရှေ့နှင့် အနောက်ကို ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတုန်း...........
ရှောင်ကျန့် - "ယီဘင် ..."
ရှောင်ကျန့်က ယီဘင်ကို လေသံလေးဖြင့် ခေါ်တော့ ယီဘင်က ဘာလဲဟူသော ပုံစံဖြင့် မော့ငေါ့ပြနေစဉ်..........
ရီပေါ် - "ဒါဘာလုပ်တာလဲ?!!!!...."
ကျောင်းသား - "စာမေ့သွားလို့ပါ....."
ရီပေါ် - " မေ့သွားရင် အခြားဟာရေးပေါ့.......
အခုဟာက စာမေးပွဲစောင့်ပေးတဲ့ ကျွန်တော့်ကို
မလေးစားတာလား?!......ဒီလို ကူးပြီးရေးတဲ့အဖြေလွှာကို ကျွန်တော်တို့က အပင်ပန်းခံပြီး စစ်ပေးရတာဗျ..!!........
ခင်ဗျားတို့ နည်းနည်းလောက်ကိုယ်ချင်းစာကြည့်ကြပါဦး!!....."ဟုဆိုကာ ရီပေါ်တစ်ယောက် အလွန်ပေါက်ကွဲနေသဖြင့် တစ်ဖက်ကျောင်းသားက ရီပေါ်ကို တောင်းပန်ကာ နောက်မလုပ်တော့ရန်
ကတိပေးလေသည်။ထိုအခြေအနေမှ တစ်စုံတစ်ရာသော အကြောင်းကို
သတိထားမိသွားသော ရှောင်ကျန့်က ယီဘင်ဆီမှ စာမေးရန်အစီအစဉ်ကို လက်လျော့လိုက်လေသည်။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........