အသက် 40 နား ကပ်မှ ပြန်ဆောင်ရတဲ့ မဂ်လာပွဲလေးဟာလည်း သတို့သားများအဖို့ကတော့
ဟိုးအစကလို ရင်ခုန်စိတ်လှုပ်ရှားစေတုန်းပါပဲ ။
ဟိုးအစက မတောက်ပခဲ့တဲ့ အပြုံးလေးတွေ ကလည်း အခုအကြိမ်မှာတော့ ဘာနှင့်မျှ နှိုင်းပြီးပြောပြစရာပင် မရှိလောက်အောင်ကို တောက်ပလွန်းနေသည်။ကျွန်တော်တို့ကြားမှာ အခက်အခဲ ၊ အတားအဆီး ၊ ဘယ်လိုကြမ်းတမ်းတဲ့ ကံကြမ္မာတွေ
ပေါ်လာပါစေ........ကျွန်တော်တို့ နောက်ထပ်ဝေးနိုင်တော့မယ် မထင်ပါဘူး ။ ကျွန်တော်လည်း ဆုပ်ကိုင်ထားတဲ့လက်ကို လွှတ်မှာမဟုတ်သလို သူကလည်း ကျွန်တော့်လက်ကို အလွှတ်ခံမှာ မဟုတ်
တော့ပါဘူး ။ကျွန်တော်တို့ရဲ့အချစ်ကို အစမ်းသပ်ခံပြီးတဲ့နောက်မှာ ကျွန်တော်တို့ အေးချမ်းစွာ ရှင်သန်နေခဲ့ပြီး ။
နေဝင်ရီတရော ပင်လယ်ကမ်းခြေလေးက ကျွန်တော်ချစ်တဲ့သူကို ပိုပြီးရင်ခုန်စရာ ပုံစံလေးဖြစ်စေတယ် ။အနားတိုးကာ ပါးလေးကိုနမ်းတော့ ရှက်သွေးဖျာပြီး ခေါင်းလေးငုပ်သွားတာကာ 16နှစ်သမီးလေး
အရှက်သည်းနေပုံ အလား ။ ဒီပါးပြင်လေးကို အကြိမ်ကြိမ်အခါခါ နမ်းဖူးသော်လည်း တစ်ခါနမ်းလိုက်တိုင်းမှာ အရှက်သည်းနေသူကြောင့်
ကျွန်တော်ပိုပြီး အချစ်ပိုခဲ့ရတယ် ။ညအချိန် လမင်းလေးကို ငေးကာ နောက်ကျောမှနေ၍ ဖက်ထားတော့ အရမ်းချစ်တယ်လို့ ပြောတဲ့သူ ။
အိပ်ယာဝင်လို့ ရင်ခွင်ထဲထည့်ကာ ဖက်ထားတော့ .........နှုတ်ဆက်အနမ်းလေးပေးပါဟု ဆိုကာတိုးရှရှအသံလေးဖြင့် တောင်းဆို တတ်သူ။
မနက်ခင်းနိုးတဲ့အချိန်လေးမှာ ကျွန်းတော့်ရဲ့ပါးပြင်ကို ဦးအောင်ခိုးနမ်းတတ်ပြီး မနက်ခင်းအနမ်းလေးအား ပေးပါဦးလို့ လူလည်ကျတတ်သူလေး ။
ပင်လယ်ကမ်းခြေနားမှာ နေတဲ့အတွက် ကမ်းခြေ၏အမှတ်တရ ပစ္စည်းလေးတွေကို ဆိုင်းခန်းလေးဖွင့်ကာ ရောင်းတော့ အချို့ ဈေးဝယ်သူများကို ကျွန်တော်နှင့် သဝန်တိုနေတတ်တဲ့သူ။
နေ့လည်စာကို ကျွန်တော့်အကြိုက်ဟင်းတွေချည်း ရွေးချက်ထားတတ်ပြီး ထမင်းစားတဲ့အခါ သူ့ကိုပါတစ်ပါတည်း ခွံ့ ကျွေးပါလို့ ချွဲတတ်တဲ့သူ ။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........