"အေး...... မတွေ့မချင်း ပြန်ရှာလာခဲ့!! ။ သူ့ကိုတွေ့လို့ ကောင်းကောင်းပြန်မလိုက်လာခဲ့ရင် ခြေတွေလက်တွေပါ ချိုးပြီးပြန်ခေါ်လာခဲ့ ။"
ရီပေါ်လည်း တစ်ဖက်လူက ဖုန်ချသွားမှ သူပါအ၀တ်အစားလဲပြီး ကားမောင်း၍ ထွက်လာခဲ့လိုက်လေသည်။ရီပေါ်အစက ကားမောင်း မတတ်သေးသော်လည်း လွန်ခဲ့တဲ့သုံးလမှစ၍ ရှောင်ကျန့်က လိုရမယ်ရ အတင်းသင်ခိုင်းနေသောကြောင့် ရီပေါ်ကားမောင်းသင်ခဲ့ရလေသည်။
ရီပေါ် လင်းကို ဖမ်းထားသောနေရာကို ရောက်တော့ လူမိုက်ကြီးများက ရီပေါ်အား လင်း သွားနိုင်မည့် နေရာအားပြောပြကြလေသည်။
"ကောင်းပြီး အဲ့ဒါဆို လူအချို့တစ်ဝက် ငါနဲ့လိုက်လာခဲ့ ။ ကျန်တဲ့သူတွေက ဂိုထောင်စောင်ဖို့ နေခဲ့ကြ ။" ဟုဆိုကာ ရီပေါ်၏ အမိန့်သံအဆုံး ရီပေါ်တို့ကားလေးလည်း လင်း အားရှာရန် ထွက်လာခဲ့လေသည်။
လင်းတစ်ယောက် ဗိုက်အောင့်ဟန် ဆောင်ကာ နေမကောင်းသည်ဟု ပြောလာသောကြောင့် လူမိုက်များက ရီပေါ်၏ခွင့်ပြုချက်နှင့်အတူ အနီးအနားမှ ဆရာဝန်ဆီအား သွား၍ပြပေးလေသည်။
သို့သော် ဆရာဝန်နှင့်ပြခါနီးတွင် အိမ်သာတတ်ချင်လို့ပါဟု ဆိုကာ ဆေးခန်းကအိမ်သာထဲသို့ ၀င်သွားလေသည်။
ဆေးခန်းက အိမ်သာက တစ်ခန်းထဲပဲ ဖြစ်သောကြောင့် လူမိုက်များက အိမ်သာတံခါးဝရှေ့တွင် လင်းကို စောင့်နေကြလေသည်။အချိန်အတော်ကြာသည်အထိ ဘာအသံမှမကြား ၊ ဘာစကားမှ ပြန်မပြောသောကြောင့် တံခါးဖြတ်ပြီးဝင်ကြည့်လိုက်ရာ ...... လူတစ်ရက်စာအမြင့်လောက်တွင် အလျားတစ်ပေခွဲ ၊ အနံတစ်ပေလောက်ကို မှန်နဲ့ကာထားပြီး လုပ်ထားသော လေ၀င်ပေါက်ကိုသာ တွေ့လိုက်ရလေသည်။ထိုအပေါက်လေးကလည်း မှန်တွေဖြုတ်ခံထားရတော့ ထိုအပေါက်ကနေ လင်းထွက်ပြေးသွားမှန်း သိခဲ့ကြလေသည်။
ထို့ကြောင့် ရီပေါ်ကိုအကြောင်းကြားကာ လင်းအားလိုက်ရှာတော့ ........ လမ်းဘေးနားတွင် ခြေထောက်ထော့နဲ့နှင့် ကားတားနေသည်ကို တွေ့လိုက်ရလေသည်။လူသွားလူလာနည်းသော နေရာဖြစ်သည့်အပြင် လာသော တစ်စီးတစ်လေမှာလည်း ရပ်ပေးခြင်း မရှိသောကြောင့် လင်းတစ်ယောက် ပြန်မိသွားမလား ဟူသည့်စိတ်နှင့်သာ အဆက်မပြတ် ကားတားနေမိလေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........