ရှင်းကြွယ်လေးနဲ့ သူ့ပါးအတွက် ဟင်းတွေချက်ပေးနေတုန်း အနောက်မှ တစ်စုံတစ်ယောက် ကြည့်နေတယ်လို့ ခံစားရတဲ့ အတွက်ကြောင့် မသိမသာလည့်ကြည့်မိရာ လူတစ်ယောက်၏ ကျောပြင်ကျယ်ကျယ်လေး
ကိုသာ ရီပေါ်လှမ်းတွေ့ ခဲ့ရလေသည်။ဘယ်သူဘယ်ဝါမှန်း မမြင်လိုက်ရပေမဲ့ ရီပေါ် ဒီနောက်ကျောလေးကို ရင်းနှီးသည် ။ ဒီနောက်ကျောလေးကို မြင်လိုက်ရုံနှင့် ရီပေါ်နှလုံးခုန်သံတွေကို မြန်ဆန်လာခဲ့စေသည်။
ကိုကိုများလား ဟူသော အတွေးက ရီပေါ်၏စိတ်ကိုပို၍ လှုပ်ရှားစေသည်။
တွေ့ တွေ့ ချင်း ပြေးလိုက်ကာ စကားပြောချင်သော်လည်း အိမ်မှာကျန်ခဲ့မည့် ကလေးအငယ်လေးကြောင့် ရီပေါ်သိချင်သည့်စိတ်ကို ချိုးနှိမ်ကာ နေခဲ့ရလေသည်။ညဘက်တွင် လန်ရှင်းက အိမ်ကိုပြန်ရောက်လာပြီး ဖြစ်သောကြောင့် ရီပေါ် ရှင်းကြွယ်လေးကို သူ့ပါး၏လက်ထဲတွင် အပ်ကာ အိမ်သို့ပြန်လာ ခဲ့လေသည်။ တက္ကစီနှင့်ပြန်သည့်အတွက် အိမ်ပြန်လမ်းတစ်လျှောက်မှ လေများကို ရီပေါ်က သူ၏ ပါးပြင်များနှင့် ထိတွေ့ ကာ ခံယူနေလေသည်။
ထို့နောက်တွင်မူ တံတားတစ်ခုပေါ်မှ ရုတ်တရက်လှမ်းမြင်လိုက်သော နောက်ကျောလေးသည် နေ့ခင်းက
လှမ်းတွေ့ လိုက်သော သူမှန်းရီပေါ် စစ်ဆေးစရာပင် မလိုအောင်ကို သိနေလေသည်။ထို့ကြောင့် ကားဆရာကို ကားခဏရပ်ခိုင်းတာ ထိုလူကို အနောက်မှ ငေးကြည့်နေတုန်း တံတားပေါ်မှ ခုန်ချရန်ပြင်နေသောကြောင့် ရီပေါ်အလန့်တကြားနှင့်ကားပေါ်မှ ဆင်းကာ ထိုလူ၏အနားသို့ ပြေးသွားလိုက်လေသည်။"မလုပ်နဲ့လေ ......အန္တရာယ်ရှိ ....."
ရီပေါ်စကားပင် မဆုံးသေး။ လည့်ကြည့်လာသော သူကြောင့် ရီပေါ်မျက်လုံးများပင် ပြူးကာ အသက်ရှူဖို့ပင် မေ့သွားလေသည်။
"ကို ...ကို ...ကိုကိုလား ? ။ " ဟုဆိုသော
ရီပေါ်၏စကားများကြောင့် ပြန်လည့်ကြည့်လာသောသူမှာလည်း ရီပေါ်ကိုမြင်သည်နှင့် လုပ်လက်စအရာများကို ရပ်ကာ မျက်တောင်မခတ်တမ်း ငေးကြည့်နေလေသည်။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........