" ဟဲ့ ! နင်ဘာလို့ ခုတလော ငါ့နောက်တအားလိုက်နေရတာလဲ ?။ မဟုတ်မှ လွဲရော ....နင် ငါ့ကိုများ ကြိုက်နေတာလား? ။ အဲ့ဆိုရင်တော့ ကြိုတောင်းပန်ထားမယ်..... ငါလက်မခံနိုင်ဘူး ။ ဘာလို့ဆိုတော့ ငါကမိန်းကလေးတွေကို မကြိုက်ဘူး ။"
ကျိုး၏အပြောကို မင်ယွဲ့က တိတ်တဆိတ် နားထောင်နေရာမှ မိန်းကလေးတွေကို မကြိုက်ဘူးဟူသော စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အံကိုကြိတ်ထားမိလေသည်။
"မင်ယွဲ့ ....နင်ဘာတွေ တွေးနေတာလဲ ? ။ ငါပြောတာရော ကြားရဲ့လားဟ ? ။"
"ဟမ် ! အေ .......ကြားလိုက်တယ် ထင်တာပဲ ။ ဒါနဲ့ နင်ခုဏက ပြောတာတွေက အမှန်ပဲလား ။"
"အေး...ဟ ။"
"ဟူး !........"
" ဟဲ့.....ဘာတွေ သက်ပြင်းချနေတာလဲ? ။ ကော်ဖီ သောက်မယ်ဆို ...မှာလေ။"
"အေ့..ပါ ။"
မင်ယွဲ့က ကော်ဖီသောက်ချင်တယ် လိုက်ဝယ်တိုက်ပါဟု ကျိုးအားပူဆာနေသောကြောင့် ကျိုးလည်း နားပူသက်သာစေရန် အိမ်အနီးအနားတွင်ရှိသော ကော်ဖီဆိုင်သို့ မင်ယွဲ့နှင့်အတူ ရောက်နေလေသည်။
.................................................................................................................................* သတိရတယ် မောင်။အခုချိန်မှာ မောင့်ကိုတွေ့ရရင် သိပ်ကောင်းမှာပဲ ....အခုချိန် မောင်ဘာတွေ လုပ်နေမလဲ ? ။ထမင်းရော သေချာစားရဲ့လား?။စိတ်ပူတယ် မောင်ရယ်....။*
..............................................................................................................................
"ကိုကို ...."
"ပြောလေ ကလေး ?"
"ကိုကို ကလေးလက်ကို ကိုင်ပြီးလမ်းလျှောက်ရတာ ကြိုက်လားဟင်? ။ကလေးကတော့ ကိုကို့ရဲ့လက်လေးကို ဟော့ဒီလိုလေးကိုင်ပြီး လမ်းလျှောက်ရတာကို ကြိုက်တယ် ....... ဟီဟီ ။"
ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ လက်ချောင်းများကြားထဲ သူ၏လက်ချောင်းလေးများ ထည့်ရခြင်းကို သဘောကျကြောင်း ပျော်ရွှင်စွာ ပြောပြနေတော့ ရီပေါ်နှင့်အတူ ရှောင်ကျန့်ပါ သတိလက်လွှတ် ပြုံးမိလေသည်။
ပေကျင်းရဲ့ နွေရာသီက အရမ်းကိုလှပပါတယ် ။ အရောင်စုံတဲ့ သစ်ရွက်လေးတွေက နေ့တစ်နေ့ကို ပိုပြီးဆွဲဆောင်မှုရှိစေပြီး လမ်းသွားလမ်းလာတွေကို ကြည်နူးမှုစိတ်ခံစားချက်ကို ရစေလေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........