"ဒါအစပဲ ရှိသေးလို့ မင်းရဲ့စက်ဘီးနောက်ဘီးကိုပဲ
ဖြုတ်ထားလိုက်တယ် ကျနေတဲ့အပိုင်းအစလေးတွေ လိုက်ကောက်ပြီး အိမ်ပြန်သယ်သွားလိုက်နော် ....... နောက်ရက်ကျရင်တော့ အသစ်အဆန်းလေး လုပ်ပေးမယ် ....ok ......🤨!..."ရီပေါ်တစ်ယောက် စက်ဘီးလက်ကိုင်မှာ ချိတ်ထားသော စက္ကူပေါ်မှရေးထားသော စာကိုဖတ်ပြီးပြီးချင်း ဒေါ်သများထောင်းခနဲ😡 ထွက်သွားလေသည်။
"အား!!!!!......ဒီမြင်းငတုန်းတော့ ......
ဦးနှောက်ပဲ မကောင်းဘူးလို့ ထင်ထားတာ......
ခုတော့ အကျင့်ပါမကောင်းတာကိုး..........
ဒီစက်ဘီးနောက်ဘီးကို ဖြုတ်လိုက်မှတော့ ......
ငါကဒါကို ချီးလို ပြန်သယ်သွားရမလား?.... ငတုံးရ!!.."ဟုဆိုကာရီပေါ်တစ်ယောက် ဒေါ်သထွက်ပြီး ရှောင်ကျန့်စာရေးထားသော စက္ကူလေးအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲလိုက်ပြီး ပြားချပ်သွားအောင်လည်း ခြေထောက်နှင့်အကြိမ်ကြိမ် တက်နင်းချလိုက်လေသည်။"မှတ်ပြီလား?!....မှတ်ပြီလား?!......
ပြောလိုက် ! နင့်သခင် မြင်းငတုံးကို !....
မနက်ဖြန် ငါနဲ့တွေ့ မယ်လို့! ....." ဟုဆိုကာ မြေပြင်ပေါ်တွင်ပြားချပ်နေသော စာရွက်အပိုင်းအစလေးများအား
ကြိမ်းနေသော ဂိုက်ပေါက်စလေး ရီပေါ်........လူကြီးမိဘစကားကိုနားထောင်ကာ ၊အရာရာကို အကောင်းဘက်ကတွေးပြီး လူအများကိုလည်း ကူညီတတ်သော ရီပေါ်တစ်ယောက် ခပ်ဆိုးဆိုးကျောင်းသားရှောင်ကျန့်ကြောင့် လူအများရှေ့တွင်လည်း သတိမမူမိစွာ စိတ်ဆိုးတတ်လာပြီ ဖြစ်သည်။
.......................................................................
ရီပေါ်တစ်ယောက် ည၈နာရီထိုးသည်အထိ အိမ်ပြန်မရောက်သေးသောကြောင့် လောင်ရှီနှင့် ရီပေါ်မား (ဝမ်ယီယီ )တို့က ရီပေါ်အားထိုင်စောင့်နေကြလေသည်။
အိမ်ရှေ့သွားလိုက် အိမ်နောက်သွားလိုက်နှင့် ရီပေါ်အားထိုင်စောင့်နေကြရာမှ ၈နာရီထိုးပြီး အနည်းငယ်တွင် ရီပေါ်တစ်ယောက် အိမ်သို့ပြန်ရောက်လာလေသည်။
"သား!......ရီပေါ် ဘာလို့အိမ်ပြန်နောက်ကျရတာလဲကွယ်?......
မားစိတ်ပူလိုက်ရတာ........"
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........