Bad Boy - 43

2.5K 261 62
                                    


Zawgyi]
"မင်းပြောကြည့်ကွာ  .....ကိုကိုက ငါ့ကိုချစ်သေးရဲ့လားဟင် ? ။''

"မင်းတို့ ဘာပြဿနာတွေ ဖြစ်ကြလို့လဲဟ ? ။ "

"ကိုကိုနဲ့ ငါကဘာပြဿနာမှ မဖြစ်ထားပါဘူး ။ ဒါပေမဲ့ ကိုကိုက ငါ့ကို အရင်လိုမချစ်တော့ဘူးလို့ ခံစားရတယ် ။ကိုကိုက ငါ့ကို ပိုအလိုလိုက်လာလေ  ပိုချစ်ပြလာလေ ဆိုပေမဲ့  ကိုကိုနဲ့ငါ့ရဲ့နှလုံးသားလေး အရမ်း‌‌ဝေးလာတယ်လို့ ခံစားရတယ်ကွာ ။ "

ရီပေါ်တစ်ယောက် ဘေးနားတွင်ထိုင်နေသော ရှင်းချန်အား ရင်ထဲကခံစားချက်များကို ပြောပြရင်း ကျောင်းစာရေးစားပွဲပေါ်သို့ ခေါင်းတစ်စောင်း အိပ်ချလိုက်လေသည်။

*ကျွန်တော် အရံလူမဖြစ်ချင်ဘူး ကိုကို ။ ကိုကို သိလား ?......တကယ်တော့ အရံလူဆိုတာ အဓိကဇာတ်ဆောင်ရဲ့ အချစ်ကို မရခဲ့တဲ့သူပါ။အဓိက ဇာတ်ဆောင်ကို ဘယ်လောက်ပဲ ပိုင်ဆိုင်ရပါစေ .... အဲဒီဇာတ်ဆောင်ရဲ့ အချစ်ကို မရခဲ့ဘူးဆိုရင် အဲ့ဒီဇာတ်လမ်းမှာ သူကအရံလူပါပဲ။ ''

...................................................................................................................................................................

ရှောင်ကျန့်တစ်ယောက် နေ့လည်ကျောင်းဆင်း၍ ရီပေါ်အား ထမင်းစားရန် လာခေါ်သောအခါ.......

စာရေးစားပွဲပေါ်တွင် မှောက်လျှက်အိပ်ပျော်နေသော ရီပေါ်ကိုတွေ့လိုက်ရလေသည်။စိုးရိမ်စိတ်ဖြင့် အမြန်အနားသွားကြည့်တော့ မျက်ဝန်းအိမ်မှ ပါးပြင်ထိစီးကျထားသော မျက်ရည်ခြောက်များ ။ မို့အစ်နေသော မျက်လုံးများနှင့် နီမြန်းနေသော မျက်နှာပြင်က ရီပေါ်ဖျားနေပြီးဟု သတိပေးနေလေသည်။

" ရီပေါ် ! ကလေး ! ကလေးရေ ! ..."

ရှောင်ကျန့်လည်း လှုပ်နှိုး၍မနိုးသော ရီပေါ၏ ကိုယ်လေးကို စိုးရိမ်စွာဖြင့် ပွေ့ချီကာစာသင်ခန်းထဲမှ အမြန်ထွက်လာခဲ့လေသည်။

.

.

.

ရီပေါ်နိုးလာတော့ ည၈နာရီပင် ရှိနေပြီဖြစ်သည်။ခန္ဓာကိုယ်က တစ်ခုခုနှင့် အဖိခံထားရသကဲ့သို့ လေးလံနေသောကြောင့် မျက်လုံးကို ‌ဝေ့ဝဲကြည့်လိုက်ရာ ရီပေါ် မိမိအားတင်းကြပ်စွာ ဖက်ထားပေးသော ကိုကိုကြောင့် ရုန်းကန်နေသော လက်များရန့်တန့်သွားရလေသည်။

BAD BOYWhere stories live. Discover now