ကျိုးတစ်ယောက် လက်ကဒဏ်ရာကြောင့် ဖျားနေတာ နှစ်ရက်ပင်ရှိသွားပြီဖြစ်သည်။
ဒေါက် ! ဒေါက် ! ဒေါက်........
"အခန်းပြင်မှ တံခါးခေါက်သံကြားသောကြောင့် ကျိုး အံ့ သြစွာဖြင့်တံခါးအား ဖွင့်ကြည့်လိုက်သောအခါ............
"ဟမ် ! နင်ပါလား ?! .......ငါ့အိမ်ကို ဘယ်လိုသိပြီးရောက်လာတာလဲ ? ....!" ဟုဆိုကာ
ကျိုးက မေးခွန်းများမေးနေသော်လည်း မင်ယွဲ့ကတော့ ဘာစကားမြှပန်မပြောဘဲ ကျိုး၏အိမ်ထဲကိုသာ ဝင်လာခဲ့လေသည်။"ဖျားနေတာမလား ? ....."
"ဟုတ်တယ် !....."
"ငါထင်သားပဲ .."
"ဒါနဲ့ ငါဖျားတာနဲ့ နင်ငါ့အိမ်ထဲကို ပိုင်စိုးပိုင်နက်ဝင်လာတာနဲ့ ဘာဆိုင်လို့လဲ ?! " ဟုဆိုကာ နှုတ်ခမ်းကြီး ဆူပုတ်လျှက် မျက်မှောင်ကြီးကြုတ်ကာ မေးနေသော ကျိုးကို မင်ယွဲ့က တစ်ချက်မိုက်ကြည့်ကြည့်လိုက်ကာ အခုချက်ခြင်း လာပြေးရိုက်တော့မည့်လူကဲ့သို့
အနားကိုလာနေသောကြောင့် ကျိုးတစ်ယောက် ယောင်ယမ်းကာ ကိုယ်ကိုကြုံ့၍လက်ဖြင့် အကာအကွယ် ယူမိလေသည်။တစ်ခုခုနှင့် အရိုက်ခံရတော့မည်ဟု ထင်နေသော်လည်း နဖူးပြင်ပေါ် ကျရောက်လာသော
အေးစက်စက်လက်လေးများကြောင့် ကျိုးတစ်ယောက် ကာထားသောလက်များ အနည်းငယ်ပြေလျော့သွားပြီး မင်ယွဲ့အား ကြောင်ကြည့်နေမိလေသည်။"ဘာကြည့်နေတာလဲ ? ! "
"ဟမ် ! အာ ....ဟို ....ဘာမှမဟုတ်ဘူး ! " ဟုဆိုကာ
မင်ယွဲ့အား မျက်စောင်းလေးထိုးကာ ထွက်သွားသောကျိုးကို မင်ယွဲ့တစ်ယောက် နှုတ်ခမ်းလေးတစ်ဖက် တွန့်ရုံမျှ ပြုံးပြလိုက်လေသည်။"ဒါနဲ့ မင်းဘာမှ မစားရသေးဘူးမလား ? ......
ငါ ဆန်ပြုတ်ပြုတ်ပေးမယ် ..." ဟုဆိုကာ မီးဖိုခန်းထဲသို့ဝင်ပြီး ချက်ပြုတ်နေသော မင်ယွဲ့ကို
ကျိုးတစ်ယောက် အတွေးများစွာဖြင့် ထိုင်ကြည့်နေမိသည်။"ဒါနဲ့ ငါ့အိမ်ကို ဘာလို့လာတာလဲ ? ။ ငါနေမကောင်းတာရော နင်ဘယ်လိုသိလဲ ?......" ဟုဆိုကာ မေးခွန်းများတရပ်စပ်မေးနေသော ကျိုးကို မင်ယွဲ့ကတစ်ချက်ပြန်လှည့်ကြည့်လိုက်ကာ စိတ်မရှည်သော လေသံဖြင့် .......
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........