"အနံ့လေးက မွှေးနေတာပဲ ! ။
ဘာဟင်းတွေ ချက်နေတာလဲ ကလေးရဲ့ ? " ဟုဆိုကာ ဟင်းချက်နေသော ရီပေါ်၏ခါးလေးအား
ရှောင်ကျန့်အနောက်မှ ဖက်ထားလေသည်။"ကိုကို စားဖို့ငါးဟင်းချက်နေတာ ။ကိုကို ကြိုက်တယ်မလား " လို့ ရီပေါ်က ခေါင်းလေးစောင့်ကာ လှည့်မေးကြည့်တော့ ရှောင်ကျန့်က ရီပေါ်၏ပါးလေးအား " မွ " ကနဲ အသံမြည်အောင် နမ်းလိုက်ကာ ........
"ကြိုက်တာပေါ့ ကလေးရဲ့ ။ ငါးဟင်းက ကိုယ့်အကြိုက်ဆိုပေမဲ့ ဒါက ကလေးချက်ပေးတဲ့ ငါးဟင်းလေးမို့လို့ ပိုကြိုက်တယ် "
ထိုအခါမှ ရီပေါ်၏ပါးနှစ်ဖက်လေး နီစွေ့ စွေ့ လေးဖြစ်လာကာ ခေါင်းကိုငုတ်ထားလိုက်လေသည်။
"ကိုကိုကတော့ ပိုပြီး "
"ဟား ဟား မပိုရပါဘူးနော် ။ တကယ် ပြောနေတာပါ "
ထိုအခါမှ ရီပေါ်တစ်ယောက် ပိုရှက်လာပြီး
"ဟား ကိုကိုနော် ။ ကလေးရှက်လာပြီး ....
ဆက်မပြောနဲ့တော့ ။ ကယ် ဟင်းကျက်ပြီး ထမင်းစားကြရအောင် ""အင်းပါ ကလေးလေးရယ် "
ရှောင်ကျန့်နဲ့ရီပေါ်တို့ ထမင်းဝိုင်းအတွက် ဟင်းခွက်များကို ခူးခက်ပြီး၍စားမည်အလုပ် ....
"တင်း...... တောင် .....တင်း.....တောင် ....."
ဟူသော လူခေါ် Bell လေးကြောင့် နှစ်ယောက်သား စားမည့်လက်များ လေထဲတွင် ရပ်တန့်သွားကြပြီး တံခါးဖွင့်ပေးရန် အိမ်ပေါက်ဝသို့ နှစ်ယောက်သားရောက်သွားကြလေသည်။တံခါးလေးဖွင့်ပြီးသောအခါ မြင်လိုက်ရသော မိန်းကလေးတစ်ယောက် .........
ပေါ်လွင်နေတဲ့ ဆေးဆိုးပန်းရိုက်မျက်နှာ ၊ ခန္ဓာကိုယ်ပေါ်တွင် လိုက်ဖက်ညီတဲ့ ဝတ်စားဆင်ယင်မှုနှင့်အတူ ကျောလယ်လောက်ရှိသည့် ဆံပင်အရှည် ။
မိန်းကလေးတစ်ယောက်အနေနဲ့ ရှိသင့်တဲ့ ယုံကြည်မှု
သူမမှာ ရှိနေသည်ကို သူမမျက်နှာကြည့်ရုံနှင့် သိနိုင်သည်။"မောင် ! "
မောင် ဟူသော ခေါ်သံအဆုံးမှာ ရှောင်ကျန့်ရော ရီပေါ်ကိုပါ တစ်ပြိုင်တည်းထိန့်လန့် ကြောက်ရွံ့ မှုကိုဖြစ်စေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........