"ရီပေါ် ! တို့ကို ဟိုနားကရေနွေးအိုးလေး ယူပေး
ပါလား ? ""ရော့ !! " ဟုဆိုကာ စိတ်မပါသည့်ပုံစံနှင့် ရေနွေးအိုးလေးအား ပေးနေသောရီပေါ်ဆီမှ လင်းက
အမြန်ယူလိုက်ရာ ရီပေါ်၏လက်ပေါ်
သို့ ရေပူပူများဖိတ်စင်သွားလာသည်။ထိုအခါ လက်အပူလောင်သွား၍ ရေနွေးအိုးအား
လွတ်ချလိုက်သော ရီပေါ်။ ကြမ်းပြင်ပေါ်တွင်လည်း ရေပူပူများက ဖိတ်စင်ကုန်လျှက် ............"ကလေး ! ကလေး ဘာဖြစ်တာလဲ ! ? " ဟုဆိုကာ
ပြာပြာသလဲနှင့် ဧည့်ခန်းမှထလာသော ရှောင်ကျန့်။"အ ! ကိုကို !! ကလေး လက် ! "
ရီပေါ်တစ်ယောက် ရေပူလောင်သော လက်လေးအား
အခြားလက်တစ်ဖက်ဖြင့် အသာပင့်ကာ ရှောင်ကျန့်အား မျက်ရည်များဝဲလျှက် ပြောပြနေလေသည်။ထိုအခါမှ "တောက် "တစ်ချက်ခေါက်ကာ ရှောင်ကျန့်တစ်ယောက် ရီပေါ်ကို အခန်းထဲသို့
ခေါ်သွားလိုက်လေသည်။"အ ! နာ နာ တယ် ...ကိုကိုရ "
"အင်းပါ ..... ကိုယ်လည်းဖြည်းဖြည်းချင်း လုပ်ပေးနေပါတယ်။နာနေသေးလား "
"အွန်း .....စပ်တယ် မှုတ်ပေး !"
ရီပေါ်တစ်ယောက် မျက်နှာကြီးဆူပုတ်ကာ
ဆေးထည့်ပေးနေသော ရှောင်ကျန့်အား ချွဲနေလေတော့သည်။..................................................................
ကျိုးတစ်ယောက် မျက်နှာကြီးကို တည်ထားကာ တစ်လောကလုံး သူ့လုပ်စာစားထားရသည့် ပုံစံနှင့်
ပြောနေသောကြောင့် မင်ယွဲ့ ကျိုးအား စိတ်ပျက်စွာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။ထို့နောက် ကျိုး၏စကားကိုပင် ဆုံးအောင်နားမထောင်တော့ဘဲ မင်ယွဲ့တစ်ယောက်
ထိုနေရာမှ လှည့်ပြန်နေသောကြောင့် ကျိုးက မင်ယွဲ့၏အနောက်အား ပြေးလိုက်၍ သူ၏လက်အား လှမ်းဆွဲလိုက်လေသည်။ထိုအခါ မိမိလက်ကို လှမ်းဆွဲသော ကျိုးအား
မင်ယွဲ့ကစကားမပြောချင်၍ အနည်းငယ်ရုန်းကာ
ထွက်သွားမည်အလုပ် မိမိလက်အား ရုန်းမရအောင် ဆွဲထားသော ကျိ ုးကြာင့် မင်ယွဲ့ကိုယ်လေးယိုင်ကာ ကျိုး၏အပေါ်မှ အုပ်မိုးမိသလို ဖြစ်သွားကာ
ရုတ်တရက် ကျသွားသော အရှိန်ကြောင့် ကျိုး၏နှုတ်ခမ်းများအား မင်ယွဲ့နမ်းမိ သွားလေသည်။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........