ချယ်ရီပင်အောက်က ခုံတန်းလေးမှာ လင်းတစ်ယောက် ထိုင်နေလေသည်။
ဆောင်းတွင်းဖြစ်နေသောကြောင့် လေပြင်းများက တစ်ခါတစ်ရံတိုက်ခတ်လျှင် အသည်းစိမ့်အောင် အေးစေသည်။သို့သော် ထိုင်ခုံပေါ်တွင် တွေတွေလေး ငေးထိုင်ကာ ရင်ထဲတွင်ပူလောင်နေသော လင်း၏အပူကိုတော့
ထိုဆောင်းလေပြင်းများက မအေးစက်နိုင်။ထို့နောက် တစ်စ စနှင့်တိုက်ခတ်လာသော လေပြေလေးများက လင်းကိုလွန်ခဲ့တဲ့ နှစ်နာရီဆီကို
အတွေးပြန်ရောက်သွားစေသည်။လူနာစောင့်မပါဘဲ တစ်ယောက်ထဲလာသော လင်းကို ဆရာဝန်က သတိပြုမိကာ ဦးစွာစမ်းသပ် စစ်ဆေးပေးခဲ့သည်။စမ်းသပ်မှုအပြီးတွင် မျက်နှာမကောင်းသော ဆရာဝန်ကြောင့် လင်းက
"ရပါတယ် "ဟူသောအဓိပ္ပါယ်ပေါ်သည့် အပြုံးကို ဆရာဝန်အား ပြုံးပြလိုက်လေသည်။ပြန်လမ်းတစ်လျှောက် အမြန်ဆုံးကုသမှအဆင်ပြေမည်ဟူသော ဆရာဝန်၏ တိုက်တွန်းမှုများကို လင်းတစ်ယောက် လျစ်လျူရှု့ ကာ အိမ်သို့ပြန်လာခဲ့လေသည်။
အိမ်အပြန်လမ်းတွင် ချယ်ရီပင်အောက်၌
ပွင့်ဖတ်တွေတအားကြွေနေသောကြောင့် လင်းတစ်ယောက် အငှားကားလေးပေါ်မှဆင်းကာ
ချယ်ရီပင်အောက်က ခုံတန်းလေးပေါ်တွင် ဝင်ထိုင်လိုက်လေသည်။"မောင် .....ဒါ အရမ်းချစ်လို့နော် "
.........................................................................
"ကိုကို ! ကျွန်တော်တို့ ဒီည show သွားကြည့်ရအောင် ။ နော် ...နော် ..ကိုကို !."
ဟောက်ရွမ်တစ်ယောက် အဝတ်အစားများသေချာပြင်ဆင်လာကာ စာဖတ်နေသော ရှင်းချန်းအား show သွားကြည့်ရန်
ပူဆာနေလေသည်။ထိုအခါမှ ရှင်းချန်က ဖက်လက်စ စာရွက်လေးကို အသာခေါက်ခါ စာအုပ်ကိုပိတ်ချလိုက်လေသည်။
"လူများတဲ့နေရာ ဘာသွားလုပ်မလို့လဲ ? "
"အာ ! ကိုကိုကလည်း လူငယ်ပဲလေ သွားချင်လာချင်တာပေါ့ ။ အရင်ကဆို သူငယ်ချင်းတွေနဲ့အတူ သွားနေကြပဲ။ အခုက ကိုကိုလည်း ရှိပြီဆိုတော့ ....ကိုကိုနဲ့သွားချင်လို့ဟာကို ။ နော် ကိုကို နော် ...."
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........