ကိုကို့ရဲ့ .......... (POV)
ပထမဆုံးတွေ့ မိကတည်းက ဒီကောင်လေးက ကျွန်တော့်အတွက် ထူးခြားတဲ့သူဆိုတာကို စိတ်ထဲကနေ ခံစားမိတယ် ။
ဒီကောင်လေးအမည်က ရီပေါ်တဲ့ ဝမ်ရီပေါ် ။ ကျွန်တော့်သူ့ကို စရတာ ကြိုက်တယ် ။ အနိုင်ကျင့်ရတာလည်း ကြိုက်တယ် ။
ဘာကိုမှ အလေးအနက်မထားတတ်တဲ့ ကျွန်တော် သူနဲ့ကျမှ သဝန်တိုတတ်လာတယ် ၊ သူ့ ဆီက ချီးကျူးမှု တွေကို တနင့်တစ်ပိုးကြီး လို ချင်လာခဲ့တယ် ။သူမုန်းတယ်လို့ ပြောတဲ့အခါတိုင်းမှာ အသည်းတွေ မီးမြိုက်ခံထားရသလို ပူလောင်တယ် ။ ကျွန်တော်သူ့ကို ချစ်မိပြီးလို့ ဝန်ခံတဲ့နေ့ကစပြီး ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်ခဲ့တယ် ။ ပိုင်ဆိုင်ခွင့်ရအောင်လည်း ကြိုးစားခဲ့တယ်။
လက်ထက်ပြီးတဲ့အချိန်ထိ ကျွန်တော့်ကို နည်းနည်းလေးမှ မချစ်မိသေးတဲ့သူ့ကို သူများနောက်ပါသွားမှာ ကျွန်တော် အရမ်းစိုးရိမ်ခဲ့တယ် ။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ကြားကို အခြားလူမဝင်လာစေဖို့ ကျွန်တော်နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ် ။
ဒါပေမဲ့ကြင်နာတတ်လွန်းတဲ့ သူ့ရဲစိတ်လေးကြောင့် ကျွန်တော်တို့ တစ်ခါတစ်ရံစကားများခဲ့ရတယ် ။
ဒါတွေကို နားလည်မှုယူလို့မှ မဆုံး ကျွန်တော့်ရဲ့ အချစ်ဦးဆိုတာက ပေါ်လာခဲ့တယ် ။အချစ်ဦးဆိုတာက နုနယ်သေးတဲ့နှလုံးသားလေးကို စတင်ပြီးချစ်တတ်အောင် သင်ပေးတဲ့
သူမလား ။မေ့နိုင်ပါ့မလားနော် ။ အချစ်ဦးလေ ။ ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ လူအများစုကို မေးကြည့်ပါ အချစ်ဦးကို မေ့နိုင်ရဲ့လားလို့ ။မေ့နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော်လည်း ထို့နည်းတူပါပဲ ။ ကျွန်တော် မ ကို မမေ့နိုင်ပါဘူး ။
ချစ်ခြင်းများကြားမှာ ဝေခွဲရခက်နေချိန် ကျွန်တော့်ကို အဖြေရှာပေးခဲ့တဲ့သူက ကလေးပါပဲ ။
ကျွန်တော် မ ကို ဘာနဲ့မှ လဲမနိုင်လောက်အောင် ချစ်ခဲ့တယ် ။ ဒါပေမဲ့ ကြင်နာပြီး အရမ်းချစ်တတ်တဲ့ ကလေးကို ကျွန်တော် မ ထက် ပိုချစ်မိသွားတယ် ။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........