ဘာလိုလိုနဲ့ ရှောင်ကျန့်နှင့် ရီပေါ်တို့လက်ထက်ခဲ့သည်မှာ ငါးလဆိုသည့်အချိန်ကာလပင် ရှိသွားပြီးဖြစ်သည်။
ထိုငါးလအတွင်း ရှောင်ကျန့်က ရီပေါ်ကို စားဖို့အမြဲချောင်းသော်လည်း ရီပေါ်၏အကာအကွယ်ကောင်းမှုကြောင့် အစားမခံရဘဲ ရှောင်ကျန့်သာ တစ်နေရာမဟုတ် တစ်နေရာ ဘုသီးများ ထနေရလေသည်။
သို့ပေမဲ့လည်း မနက်တိုင်း ရှောင်ကျန့်ရင်ခွင်ထဲ ရောက်နေသော ရီပေါ် ၊ ရှောင်ကျန့်မနက်တိုင်းခိုးနမ်းတဲ့ နှုတ်ခမ်းပါး ၊ဒါတွေက ရှောင်ရီအိမ်တော်ရဲ့ မနက်ခင်းအလေ့အထလို ဖြစ်နေပြီပင် ဖြစ်သည်။"ဒီမှာ ခင်ဗျားဒီနေ့ကျောင်းစတက်ရမယ်နော်.......
လိုအပ်တာတွေ ပြင်ပြီးပြီးလာ?.......""ဟင်အင်း.....မပြင်ရသေးဘူး......"ဟုဆိုကာ ထမင်းပလုပ်ပလောင်းနှင့် ပြန်ဖြေနေသော ရှောင်ကျန့်ကြောင့် ရီပေါ်သက်ပြင်းတစ်ချက် ချလိုက်ပြီး လိုအပ်သည်များကို ထည့်ပေးလိုက်ကာ
ကျောင်းသွားရန်ပြင်လေသည်။"အာ ! ကျောင်း သွားတော့ မလိုလား?.....
ကိုယ်နဲ့အတူတူသွားကြမယ်လေ.....
ကျောင်းလည်းအတူတူပဲဆိုတော့......."ရီပေါ်တစ်ယောက် စက်ဘီးဆွဲပြီး ကျောင်းသွားတော့မည်အလုပ် အနောက်မှ ကျောင်းအတူသွားကြရအောင် လို့ အော်ပြောနေတဲ့ရှောင်ကျန့်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး .......
"အတန်းချိန်ရှိတယ်.....
နောက်နေ့လည်း စက်ဘီးနဲ့ပဲ သွားမှာ " ဟုဆိုကာ စက်ဘီးနင်း၍ ထွက်သွားလေသည်။*ဟွန့်!! အူးပုပ်လေး ......
ဒီက ဆီအကုန်ခံပြီး ခေါ်တင်မှာတောင် ငြင်းရသေးတယ်......ငါးလရှိပြီး မင်းလေးကလက်မခံသေးလို့ မစားသေးတာ....
အခုတော့ ဗျူဟာပြောင်းပြီး မင်းလေးက အစားလာခံစေရမယ်...ဟဟ ...ငါရှောင်ကျန့် .....
ဗျူဟာ လာပြီးလေ.....*......................................................................
Girl 1 - "ကောင်မတွေ နင်တို့သိလား?....
ဒီနေ့လေ ငါကောင်ချောချောလေး တစ်အုပ်တွေ့  တယ်ဟ......."Girl 2 - "ဟုတ်လား?......
ဘယ်မှာလဲဟ ငါလည်းတွေ့  ချင်တယ်.......
သူတို့က စီနီယာတွေလား ?.....ဂျူနီယာတွေလားဟ?......."
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........