"ဆရာ ......
ရီပေါ်.... သူ အဆင်ပြေရဲ့လားဗျ ?
အခုထိလည်း မနိုးလာသေးဘူး။ ""အင်း အခုက အဆင်ပြေသွားပါပြီး။
အစောပိုင်းက သူအအေးမိပြီး ဖျားသွားတာပါ ။
အခုတော့ ဆေးထိုးပေးထားတဲ့ အရှိန်ကြောင့် သူ
အိပ်ပျော်နေတာပါ ......""ဟုတ်ကဲ့ ကျေးဇူးပါပဲ ဆရာ ......"
ဆရာဝန် ပြန်သွားတော့မှ ရှောင်ကျန့်တစ်ယောက်
ရီပေါ်စားဖို့အတွက် မီးဖိုချောင်သို့ဝင်ကာ ဆန်ပြုတ်ပြုတ်ပေးနေလေသည်။နဂိုက မီးဖိုချောင်မဝင်သည့် သူဋေးသားတစ်ဦး ဖြစ်သည့်အပြင် လူဆိုးခေါင်းဆောင် ဖြစ်နေသော ရှောင်ကျန့်အဖို့ ဆန်ပြုတ်လေးတစ်ခွက်ပင် ချက်ရအလွန်ခက်ခဲနေလေသည်။စိတ်ကူးထဲတွင်တော့ ရီပေါ်နိုးလာလျှင် သူချက်ထားသော ကြက်သားဆန်ပြုတ်လေးကို
အားရပါးရစားပြီး သူ့ကိုကျေးဇူးတွေတင် ၊ ချစ်ခြင်းတွေ ပစ်တင်မည်ဟု ထင်သော်လည်း .........
တကယ့်လက်တွေ့ တွင်မူ ................."ကလေး ........နိုးပြီးလား?။
ဒါဆို ဆေးသောက်ရအောင် ဆန်ပြုတ်လေး သောက်နော် ....." ဟုဆိုကာ ဇွန်ပေါ်ရှိ ဆန်ပြုတ်လေးအား မှုတ်ပေးကာ ခွံဟန်ပြင်နေသော ရှောင်ကျန့်။စကားကို အနူးညံ့အညင်သာဆုံး ပြောသော်လည်း မနက်ကရှောင်ကျန့် ဒေါ်သထွက်သွားသော အရှိန်ရယ် ၊ ရီပေါ်တားနေသည်ကို မရပ်သည့်အပြင် အားသုံး၍ ရုန်းလိုက်သော အကြောင်းကြောင့်
ရီပေါ်က ရှောင်ကျန့်ခွံကျွေးနေသော ဆန်ပြုတ်ကိုမစားဘဲ မျက်နှာကြီးတည်တည်နှင့် ရှောင်ကျန့်မရှိသည့် အခြားတစ်ဖက်သို့ လှည့်နေလေသည်။ရီပေါ် စိတ်ကောက်နေသည်ကို သတိထားမိသော ရှောင်ကျန့်က ဆန်ပြုတ်ပန်းကန်ကို အသာချကာ ရီပေါ်ကို သူနှင့် မျက်နှာချင်းဆိုင်စေလိုက်ပြီး ..............
"မနက်က ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ်နော် ။ အခြားသူတွေက
ကိုယ့်ကိုမုန်းတယ်လို့ အကြိမ်တစ်ထောင်မက ပြောလို့ရပေမဲ့ မင်းကိုတော့ မပြောစေချင်ဘူး ။ မဟုတ်ဘူး မပြောစေချင်တာထက် ကိုယ်ကမင်းနှုတ်ခမ်းက ပြောတဲ့ "မုန်းတယ် " ဆိုတဲ့စကားကို နားထောင်နိုင်စွမ်းမရှိလို့ပါ ကလေးရယ် ......." ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ရီပေါ်၏လက်ချောင်းလေးများအား သေချာဆုပ်ကာ ပြောနေလေသည်။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........