ရှောင်ကျန့်တို့၏ လက်ထက်ပွဲကို အတည်ပြုပြီးတဲ့ နောက်ပိုင်း ရီပေါ်နှင် ရှင်းချန်တို့ရဲ့ ဂိုက်ပြသည့်ကာလလည်း ပြီးဆုံးသွားခဲ့လေသည်။ ရီပေါ်လည်း ထိုလက်ထက်ပွဲကိစ္စစီစဉ်ပြီးကတည်းက ရှောင်ကျန့်ကို ဂိုက်ပြခြင်းအလုပ် ရပ်ဆိုင်းခဲ့သည်။
တစ်ဖြည်းဖြည်းနဲ့ နီးလာတဲ့ အတန်းတင်စားမေးပွဲ
ကလည်း ရှောင်ကျန့်တို့ကို လက်ယက်ခေါ်နေလေသည်။စာမေးပွဲဖြေပြီး ကာလတွင်လည်း ရှောင်ကျန့်တစ်ယောက် စာမေးပွဲကို အစွမ်းကုန်
ဖြေခဲ့လေသည်။သုံးလအကြာ အထက်တန်းစာမေးပွဲရလဒ်များ
ထွက်လာကြသောအခါ F ခန်းထဲမှရှောင်ကျန့်အပါအဝင် ကျန်ချန်း ၊ယီဘင်၊ ဟောက်ရွမ် နှင့်အတူ မင်ယွဲ့ တို့သာ အောင်လေသည်။စာမေးပွဲရလဒ်တွင် ရှောင်ကျန့်အမည် ပါလာသောကြောင့် အိမ်မှလူကြီးများက ရှောင်ကျန့်နှင့် ရီပေါ်ကို လက်ထက်ပေးကြလေသည်။
သောကြာနေ့ မနက် 10:00........
နာမည်ကြီး hotel တစ်ခုတွင် နိုင်ငံno.1စာရင်းဝင် သူဋေးကြီး ရှောင်းလူ ရဲ့ သား ရှောင်ကျန့်သည် ဝမ်ရီပေါ်ဆိုသော ကောင်လေးတစ်ယောက်နှင့် လက်ထက်ရန် ထိုခန်းမတွင် ရောက်နေလေသည်။
အဖြူရောင် သတို့သား ဝတ်စုံကို ဝတ်ဆင်ထားသော
ကောင်လေးနှစ်ယောက်၏ ပုံပန်းသွင်ပြင်သည် ထိုမဂ်လာခန်းမအား နဂိုထက်ပိုတင့်တယ်စေသည်။သင်းအုပ်ဆရာရှေ့မှောက်တွင် အတူရပ်နေကြသော သတို့သား နှစ်ဦး ........
"သတို့သားရှောင်ကျန့်က သတို့သားရီပေါ်ကို ဆင်းရဲသည်၊ ချမ်းသာသည် ဖြစ်စေ၊ကျန်းမာသည် နာဖျားသည်ဖြစ်စေ အတူတကွ ရိုးမြေကျပေါင်းဖက်နိုင်ပါသလား ?........"
"ဟုတ်ကဲ့ .....ကျွန်တော် ပေါင်းဖက်နိုင်ပါတယ်...."
"သတို့သား ရီပေါ်က သတို့သား ရှောင်ကျန့်ကို
ဆင်းရဲသည်၊ ချမ်းသာသည် ဖြစ်စေ၊ကျန်းမာသည် နာဖျားသည်ဖြစ်စေ အတူတကွ ရိုးမြေကျပေါင်းဖက်နိုင်ပါသလား ?........""ဟုတ်ကဲ့ ......ပေါင်းဖက်နိုင်ပါတယ်...."
ဟု ဆိုပြီးသည့်နောက် နှစ်ယောက်သား အပြန်အလှန်
လက်ထက်လက်စွပ် ဝတ်ပေးကာ ရှောင်ကျန့်က ရီပေါ်၏ နှုတ်ခမ်းသားလေးအား ညှင်သာစွာ နမ်းရှိုက်လိုက်လေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........