"ကလေး ! ကိုကို ...."
"ရပါတယ် ကိုကို....ကျွန်တော် နားလည်ပါတယ်" ဟုဆိုပြီး တိတ်ဆိတ်သွားသော ရီပေါ်တစ်ယောက် မျက်ဝန်းများတွင်လည်း မျက်ရည်ဥများက ရစ်သီလာလေသည်။
ထို့ကြောင့် ချစ်ရသူမမြင်စေရန် မျက်နှာကိုငုတ်ကာ
ထိုနေရာမှ ထွက်သွားရန်ပြင်တော့ အနောက်မှသိမ်းကြုံးဖက်လာသော ချစ်သူရဲ့ရင်ခွင်တစ်စုံ။တစ်ချိန်တစ်ခါက ဤရင်ခွင်က မိမိမဟုတ်တဲ့အခြားသူလည်း ရခဲ့ဖူးတယ်လို့ တွေးမိတော့ ရင်ထဲမှာ နာကျင်ရတယ်။ တစ်ဆက်တည်းမှာပဲ ဤရင်ခွင်ကို မစွန့်လွှတ်နိုင်သော မိမိကိုယ် မိမိလည်း အပြစ်မတင်ရက်နိုင်ပေ။ ဘာကြောင့်လဲဆိုရာတွင် ချစ်သည်ကိုး။ ဤအနှီးလူသားကိုမှ အခြားတစ်ယောက်နှင့် မဝေမျှချင် ၊ မစွန့်လွှတ်ချင်လောက်အောင်ကို ချစ်မိသောမိမိ အတ္တထက် ချစ်သူကို ပိုချစ်မိသောကြောင့် မိမိအတွက် ချစ်ရသူ၏ဆုံးဖြတ်ချက်သာ မှန်ကန်ရာဟုတွေးလျှက် မျက်စိစုံမှိတ်ကာ
အရာအားလုံး လက်ခံခဲ့လေသည်။"စိတ်မဆိုးဘူးလားဟင်? ......ကိုယ် သူ့ကိုအိမ်မှာနေဖို့ လက်ခံလိုက်တာကိုလေ ? "
"ဆိုးချင်တာပေါ့ ကိုကိုရယ် .......
ဒါပေမဲ့လည်း ဆိုးဖို့ အခွင့်အရေးမှ မရှိတာ ......" ဟုဆိုကာ မျက်ရည်များ တွဲလဲခိုနေသော ရီပေါ်မျက်ဝန်းတို့ကို ရှောင်ကျန်းတွေဝေစွာ ကြည့်နေရင်းပင် ရီပေါ်ထွက်သွားသည်ကို သူမတားနိုင်ခဲ့ပေ။ မတားခဲ့တာဆိုလျှင် ပိုမှန်ပေလိမ့်မည်။ယောက်ျားတစ်ယောက် ဖြစ်ရဲ့နဲ့ အခြားယောက်ျားတစ်ယောက်ကို လက်ထက်ယူပြီးအခါမှ လင်ငယ်ဖြစ်ရတဲ့ ခံစားချက်ကို ခံစားရသူသာ သိလိမ့်မည်ဆိုသောကြောင့် ရှောင်ကျန့်ရီပေါ်ကို မဆွဲထားတော့ပေ။
ညရောက်တော့ ...........
"ကလေး ! ကိုယ့်ကိုစိတ်ဆိုးနေတုန်းလားဟင် ? "
" ဆိုးချင်တယ် ကိုကို ။ ဒါပေမဲ့ ကလေးဆိုးလိုက်လို့
ကလေးနဲ့ ကိုကိုရဲ့အခြေအနေတွေ ဝေးသွားမှာစိုးလို့
ကလေးမဆိုးရဲဘူး "ထိုအခါမှ ရှောင်ကျန့်တစ်ယောက် ရီပေါ်၏ခါးလေးကို ဖက်ထားရာမှ သက်ပြင်းရှည်ကြီးတစ်ချက်အား ဖြည်းဖြည်းချင်း ချလိုက်လေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........