"ဒီကိစ္စကို ကိုကို့ကို မပြောလို့ ရမလား ? ။"
"ဘာ ! ကျန့်ကောကို မပြောရဘူး ဟုတ်လား ? ။ဒီမှာ ဝမ်ရီပေါ် နင်စကားကို ကြည့်ပြောလိုက်စမ်း ! ။နင့်ကို လင်းကဘာတွေများ နှောင့်ယှက်နေလို့ နင်သူ့ကို ဖမ်းထားရတာလဲ ?!! ။
ရီပေါ်တစ်ယောက် ရှောင်ကျန့်နှင့် စကားပြောနေသော ရှီး ကို အရေးကြီးပြောစရာ ရှိသည်ဟု ဆိုကာ အနားတွင် ထိုင်နေသော ရှောင်ကျန့်ကို ခွင့်တောင်းပြီး ရှီးအား အပြင်သို့ဆွဲခေါ်လာခဲ့လေသည်။
"ပြောလေ ..ပြော !! ။နင်ဘာတွေ ကလိမ်ကကျစ် လုပ်ဉီးမလို့လဲ ? ။"
" အာ ..ကွာ ။ မသိဘူးဟာ !!.... အေ ဒါပေမဲ့ ငါနင့်ကို တစ်ခုတော့ ကြိုသတိပေးလိုက်မယ် ။ ငါလင်းကို ဖမ်းထားတဲ့အကြောင်း ကိုကို့ရှေ့မှာ ယောင်လို့တောင် မဟမိစေနဲ့ ။
အေ ...သတိပေးထားရဲ့ ကြားမှ ဒီကိစ္စတွေ ကိုကိုသိသွားလို့ကတော့ .....မင်း ရော ၊ မင်းသူငယ်ချင်းပါ အသက်ပျောက်ပြီသာမှတ်! ။"
ဟုဆိုကာ ရီပေါ်တစ်ယောက် ရှီးအားအိမ်အပြင်တွင် ချန်ခဲ့ကာ သူကအိမ်ထဲသို့ဝင်လာခဲ့လေသည်။
အိမ်ထဲရောက်တော့ ဆိုဖာခုံပေါ်တွင် တောင့်တောင့်ကြီးထိုင်နေကာ တစ်ခုခုကို စဉ်းစားဟန်ရှိသော ရှောင်ကျန့်ကြောင့် ရီပေါ်ပါ သူ့ဘေးနားတွင် ဝင်ထိုင်မိလေသည်။
ရီပေါ်အနားတွင် လာထိုင်တော့ ရှောင်ကျန့်က အရှေ့တည့်တည့်ကို မျက်နှာလှည့်ထားရာမှ ရီပေါ်ရှိသည့်ဘက်သို့ ခေါင်းလေးလှည့်လာ ကြည့်လာလေသည်။
ထိုအခါ ရီပေါ်ကမိမိဘက် လှည့်ကြည့်လာသော ရှောင်ကျန့်ကို ပြန်လှည့်မကြည့်ဘဲ မျက်နှာကိုရှေ့တည့်တည့်သာထားကာ ဘယ်ဘက်မျက်လုံးထောင့်စွန်းကနေ ရှောင်ကျန့်၏အမူအရာတို့အား အကဲခပ်ကာ ခိုးကြည့်နေလေသည်။
ထို့နောက်တွင်မူ ရှေ့တည့်တည့်သို့ မျက်နှာ ပြန်လှည့်သွားသော ရှောင်ကျန့် ။ ရီပေါ် မိမိ၏ခေါင်းလေးကို ရှောင်ကျန့်၏ညာဘက် ပခုံးလေးပေါ်သို့တင်ကာ မျက်လုံးနှင့် ဉီးနှောက်ကို ခဏတာအနားပေးလိုက်လေသည်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........