စနေနေ့ဖြစ်ပြီး ကျောင်းပိတ်ကြသောကြောင့် ကျိုးနှင့် ယီဘင်တို့အုပ်စု ရှောင်ကျန့်တို့အိမ်တွင်ရောက်နေကြကာ လင်းအား
တစ်ယောက်တစ်မျိုးဆီ အကဲခပ်နေကြလေသည်။နေ့လည်ပိုင်း ထမင်းစားရန်အတွက် စားသောက်ဖွယ်ရာများကို ရှောင်ကျန့်တို့နှစ်ယောက်နှင့်အတူ ယီဘင်တို့ပါ ဈေးလိုက်ဝယ်ကြပြီး လင်းနှင့်အတူ ကျိုးရယ် မင်ယွဲ့ရယ် ဟောက်ရွှမ်တို့အတွဲရယ်သာ အိမ်တွင် ကျန်ခဲ့လေသည်။
ဟောက်ရွှမ်တို့ကလည်း ဘာအလုပ်မှ လုပ်ပေးစရာမရှိသေး၍ အိမ်ရှေ့ကခြံထဲတွင် လက်ချင်းတွဲကာ စကားများပြောရင်း ကြည်နူးနေကြလေသည်။
အိမ်ထဲတွင်တော့ ..........
လေးထောင့်ခုံရှည် ထမင်းစားပွဲတွင် ........
လင်းသည် ထိပ်ဆုံးနေရာတွင် ထိုင်နေပြီး လင်း၏ဘယ်ဘက်နှင့် ညာဘက်တွင် မင်ယွဲ့နှင့်ကျိုးက ထိုင်ကာ လင်း၏အပြုအမူတိုင်းကို
တစ်ခုမကျန် လိုက်ကြည့်နေလေသည်။ထို့ကြောင့် လင်းသည်ရှေ့တွင် ချထားသော ကော်ဖီတစ်ခွက်ကိုသောက်ဟန်ပြင်ပြီး မိမိအား ဘာစကားမှ မပြောကြဘဲ အသေးစိတ်လိုက်ကြည့်နေကြသော
သူနှစ်ယောက်ကို တစ်ယောက်တစ်ချက် ကြည့်လိုက်ကာ ......."အတွဲတွေလား ? !! ...."
"ဖူး !!! အဟွတ် !! အဟွတ် !"
မင်ယွဲ့နှင့် ကျိုး သည် လင်း၏စကားကြောင့် သောက်လက်စကော်ဖီရည်များပင် သီးကာ ပြန်ထွက် သွားလေသည်။
"ဘယ်လို !! ဘယ်လို ! အတွဲတွေ ဟုတ်လား ?
ရှင်ဘာစကား ပြောတာလဲ ? ။ ကျွန်မက ယောက်ျားလေးပဲ ကြိုက်တာရှင့် ။သူ့လိုမျိုး အထီးမကျ အမမကျကြီးကို ကြိုက်ရမလား? " ဟုဆိုကာမင်ယွဲ့အား လက်ညိုးကြီးထိုးကာ လင်းအား ကျယ်လောင်သောအသံနှင့် စိတ်ဆိုးစွာပြောနေသော ကျိုးကြောင့် မင်ယွဲ့တစ်ယောက် ထိုင်နေရမှထကာ စားပွဲကိုလည်း လက်သီးနှင့် အကြမ်းပတမ်းထုလိုက်လေသည်။"ဒီမှာ !! ကျိုးမ .....နင်ဘာစကား ပြောတာလဲ ? !!"
ဘာ ငါ့ကိုများ အထီးမကျတဲ့ အမမကျကြီးဟုတ်လား ? ။ အေ ငါကလည်း ငါအထီးမကျ အမမကျဆိုရင်တောင် နင့်လို အာကျယ်မကိုလည်း လုံးဝ မကြိုက်ဘူး ....သဘောပေါက်!! " ဟုကာ စိတ်ဆိုးဆိုးနှင့် ထိုနေရမှ ထွက်သွားသော မင်ယွဲ့သည် အနားတွင် ရှိသော ခုံအချို့ကိုပါ ကန်သွားလေသည်။

KAMU SEDANG MEMBACA
BAD BOY
Fiksi Penggemarခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........