ရီပေါ်နှင့် ရှောင်ကျန့် တစ်ယောက်ကို တစ်ယောက် စကားမပြောဘဲ နေကြသည်မှာ နှစ်ရက်ပင်ရှိသွားပြီဖြစ်သည်။
နှစ်ရက်အတွင်းတွင် မည်သူကမှလည်း အရင်စချော့ခြင်း မရှိသလို ၊ မည့်သူဘက်ကမှလည်း
တောင်းပန်ခြင်းမရှိခဲ့ဘူး။မတော်တဆမျက်နှာချင်းဆိုင် တွေ့ မိခဲ့လျှင်လည်း မသိချင်ဟန်ဆောင် မျက်နှာလွှဲကာ ရှောင်ထွက်သွားကြလေသည်။ဒီလိုနဲ့ ရှောင်ကျန့်နှင့်ရီပေါ်တို့ တစ်အိမ်တည်းအတူနေသော်လည်း စိတ်များက နီးလျှက်နှင့် ဝေးနေကြလေသည်။
အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မာနအပြိုင်ထားနေကြသော သူတို့နှစ်ယောက် ကွယ်ရာတွင်တော့ လွမ်းလွန်း၍ ငိုနေတတ်ပြန်သည်။"ကယ် ! ရှောင်ကျန့် မင်းကလေးကို မင်းလွမ်းရင်လည်း ပြန်ခေါ်လိုက်ပါဟ ။ သူလည်း တမင် ရည်ရွယ်ပြီးပေးလိုက်တာမှ မဟုတ်တာ။ ဟိုကျိုးက တကယ်လိုအပ်နေတယ်ထင်လို့ သူလည်းဘာမှ မတွေးဘဲ ပေးလိုက်မိတာပါ .....
နားလည်ပေးလိုက်ပါဟာ ။အချင်းချင်း မချစ်ကြတာလဲ မဟုတ်ဘဲနဲ့ ......""ငါ နားလည်တယ် ။ကလေးက သူများ စာနာသနားတတ်တာ ငါသိတယ်။ ဒါပေမဲ့ကွာ ......
ကလေးက သူနဲ့ငါ့ ကြား ဝင်နေတဲ့သူကို မသိဘဲ
စေတနာတွေ ကောင်းနေတာကို ငါမကြိုက်တာ ။
သူ့ကို ဒီတစ်ခါခွင့်လွှတ်ပေးလိုက်ရင် နောက်တစ်ခါကျရင် ဒီထက်ဆိုးတဲ့အခြေအနေတွေ လာလိမ့်မယ် ။ဒါ တွေကို ငါတွေးမိနေလို့ ငါသူ့ကိုဒီအတိုင်း ထားထားရတာ ။တကယ်ဆို ငါလည်း သိပ်လွမ်းတာပေါ့ဟ ......" ဟုဆိုကာ ပါးပြင်ပေါ်မှ ကျလက်စ မျက်ရည်စများအား
ထိန်းထားရန် အရက်ခွက်အား သောက်ရင်း မျက်နှာကို ၄၅ ဒီဂရီထိ မော့ထားလေသည်။"ရီပေါ် !! ရီပေါ် ! သိပ်မအော်နဲ့တော့ဟ ....
ညလည်းတအား မိုးချုပ်နေပြီးလေ ......" လို့ ရှင်းချန်က အသံတိုးတိုးနှင့် ပြောနေသော်လည်း
ရီပေါ်မှာမူ မျက်လုံးများစင်းကာ စိတ်ထဲရှိရာ အော်ပြောနေလေသည်။"မရဘူး ဟ ငါပြောပြမယ်ကွာ .…..ငါကလေ
ငါက နေမကောင်းတဲ့သူကို ကူညီမိတာ မှားလာဟာ....မှားလား ?? ရှင်းချန် နင်ပြော ငါမှားလာ?...." ဟုဆိုကာ သူသိချင်သော အဖြေကို ရှင်းချန်းအား မရမကမေးနေသော အမူးသမားလေးရီပေါ်။
YOU ARE READING
BAD BOY
Fanfictionခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........