Bad Boy - 25

3.9K 354 29
                                    

ရီပေါ် တစ်ယောက် အပြင်က ပြန်လာပြီး အိမ်ထဲဝင်ရန်အလုပ် အိမ်ထဲမှ အကျီဖရိုဖရဲနှင့်ငိုပြီး ပြေးထွက်လာသော ကျိုး‌ကြောင့် ‌ရီပေါ်လက်ထဲမှ အထုတ်အပိုးတွေကို ကြမ်းခင်းပေါ်သို့ ပစ်ချကာ ကျိုးနောက်အားအမြန်ပြေးလိုက်သွားလေသည်။

ခဏအကြာ ကျိုးကိုမှီ‌သွားသော ရီပေါ်က သူ့ဝတ်လာတဲ့ အကျီအပေါ်ခံကို ကျိုးအားအပေါ်မှလွှမ်းခြုံထားပေးကာ လူရှင်းသောနေရာတစ်ခုတွင် နှစ်ယောက်သား ထိုင်မိကြလေသည်။

အချိန်တစ်ခုအထိ နှစ်ယောက်သား ဘာစကားမှမပြောမိကြဘဲ တိတ်ဆိတ်နေသောကြောင့် ရီပေါ်ကပင် စကားစကာ..........

"အိမ်ကို လာလည်တာလား ကျိုး?...."

"အင်း......"

"အာ့ဆို ဘာလိုထွက်လာတာလဲ ?.......
ငါနဲ့အတူတူ လိုက်ခဲ့လေ ။ အိမ်မှာ လူကြီးလည်း ရှိတယ်....."ဟုပြောရင်း ကျိုး၏လက်အားဆွဲကာ အိမ်သို့လိုက်ရန် ခေါ်နေသောရီပေါ်ကို ကျိုးကအားနှင့်ပြန်ဆွဲ၍ ထိုင်ခိုင်းလိုက်လေသည်။

"ရီပေါ် ! ငါ ...ငါ နင့်အိမ်မလိုက်တော့ဘူးဟာ။
ငါအရေးကြီး သွားစရာရှိတယ် ......အာ့ကြောင့် နောက်မှပဲ နင့်အိမ်ထပ်လာလည်တော့မယ်ဟ ....." ဟုဆိုရင်း ခေါင်းငုတ်သွားသောကျိုး‌ကြောင့် ရီပေါ်စိတ်ထဲတစ်ခုခုကို ထင့်နေလေသည်။

"ကျိုး ! ငါ့ကို အမှန်တိုင်းပြော။နင် ငါ့အိမ်မှာ လူကြီးနဲ့ ပြသနာဖြစ်ခဲ့လို့လား?။လြူကီးကရော နင့်ကိုဘာပြောလိုက်လို့ နင်ဒီလို မှိုင်တိုင်တိုင်ဖြစ်နေရတာလဲ ?..." ဟုဆိုကာ ရီပေါ်က အသံမာမာနှင့် ပြောတော့ .......

ကျိုးက မျက်ရည်များဖြင့် ရစ်ဝိုင်း‌နေသော မျက်လုံးတစ်စုံနှင့် ရီပေါ်အားကြည့်လိုက်ပြီး........

"ဟင်အင်း......ငါ မပြောပါရစေနဲ့ ...." ဟုဆိုကာ ရီပေါ်ကို တွန်းပြီးပြေးထွက်သွားသော  ကျိုးကို ဒီတစ်ခါ ရီပေါ်လိုက်မဖမ်းတော့ပါ။ကိုယ့်စိတ်ကို ရှင်လင်းသွားစေရန် ရီပေါ်အိမ်က လူကြီးကိုပဲ  ပြန်မေးသင့်တယ် ဟုတွေးကာ အိမ်သို့အမြန်ပြန်လာခဲ့လေသည်။

ရီပေါ်အိမ်ပြန်ရောက်တော့ ခုဏကဝယ်လာတဲ့ အထုတ်တွေအားလုံးလည်း ရီပေါ်ချထားတဲ့ နေရာအတိုင်းတစ်ချက်မရွေ့ ။အိမ်ထဲ အအတော်နှံ့အောင် ရောက်နေပြီးဖြစ်သော်လည်း ရီပေါ်  ‌ရှောင်ကျန့်ကို မတွေ့ ။ ရှောင်ကျန့်ကို
မတွေ့ သည့်အပြင် အသံပါမကြားသော‌ကြောင့် တစ်အိမ်လုံးအနှံ့လိုက်ရှာရာ နောက်ဆုံးအခန်းထဲတွင် ငုပ်တုတ်ထိုင်နေသော ရှောင်ကျန့်ကို တွေ့ ‌လေသည်။

BAD BOYTempat cerita menjadi hidup. Temukan sekarang