ခြောက်နှစ်ရှိပြီး ။ထောင်စဝင်ကတည်းကနေ ခုချိန်ထိ တစ်ခါမှ လာမတွေ့ ခဲ့သော မိဘနှစ်ပါး ။
သိပ်ရှက်တယ်တဲ့ ။ ကိုယ်ကျင့်တရား ပျက်ပြားတဲ့ ကျွန်တော့်ကို သားတော်ရတာ ကိုယ့်ကိုကိုယ်စိတ်ပျက်လွန်းတယ်တဲ့ ။
ဒါကြောင့် အမှုမှာ ထောင်ဒဏ်နှစ်ကို တတ်နိုင်သမျှ ငွေဖုံး၍ လျော့ခိုင်းခဲ့ပြီး နောက်နှောင်
ပြန်တွေ့ တဲ့အခါ သူစိမ်းလိုပဲနေကြရအောင်လို့တဲ့ ။ဒါကို ပါးတို့ရက်စက်ပါတယ်လို့ မတွေးချင်တော့ဘူး။
ဘာလို့ဆိုတော့ ကျွန်တော်ရွေးချယ်ခဲ့တဲ့
လမ်းပဲလေ ။ နာနာကြေကြေ ဆက်လျှောက်
ကြရမှာပဲ မလား.....။မျက်လုံးအိမ်မှ မျက်ရည်စက်တွေလည်း မကျတော့တာလည်း ကြာပြီး။
အသိမဲ့သွားသလိုမျိုး တစ်ယောက်တည်း ငေးငိုင်နေမိပြီး တစ်စုံတစ်ခုကို
လုပ်မိတိုင်း တစ်စုံတစ်ယောက်အကြောင်းကို ဆက်တိုက်ဆိုသလို တွေးနေမိတယ်။ဧည့်တွေ့ ချိန်များတွင်လည်း အရင်လို စိတ်လှုပ်ရှားစွာဖြင့် ထွက်မတွေ့ တော့ဘဲ ငြင်းပစ်ခဲ့သည်မှာ တစ်နှစ်လောက်ပင် ရှိလာခဲ့ပြီး။ ထောင်မှူးမှတစ်ဆင့် ပါးလာသော စာအိတ်လေးတွေကိုလည်း လက်ရေးအချို့နှင့်အတူ ပြန်စာ မထည့်ပေးတော့ဘူး။
တစ်ယောက်တည်း နေတတ်အောင် ကြိုးစားနေတယ် ။ လွယ်လွယ် လက်လျော့သွားတာတော့ မဟုတ်ဘူး ။ ပျော်ရွှင်ခြင်းလေးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ နောက်ဆုတ်ပေးထားတာ ။
ကြားပါတယ် ။ သူတို့တွေ ချစ်သူတောင် ဖြစ်တော့မယ်ဆိုပဲ ။
သူသာပျော်နေမယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ် .....။ဒါပေမဲ့ အဲ့လိုစာရွက်လေးတွေ ဖွင့်ဖတ်ပြီးတဲ့ အချိန်တွေဆိုရင် ကျွန်တော်...............။
.........................................................................
လူတွေနဲ့ ဝေးကွာလာခဲ့တယ် ။ စကားလုံးတွေက နည်းပါးလာခဲ့တယ်။ မျက်နှာက ချောင်ကျသွားပြီး မျက်လုံးအောက်မှ နေရာလေးကလည်း ညိုမဲလာခဲ့တယ် ။ ကျွန်တော် စိတ်ကျရောဂါရနေပြီးလို့ အားလုံးက ဝိုင်းပြောကြတယ် ....။
![](https://img.wattpad.com/cover/221024693-288-k145294.jpg)
ESTÁS LEYENDO
BAD BOY
Fanficခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်ပေါက်စလေးတို့ရဲ့ ............ အတ္ထ ုပ္ပတိ .........