ကျွမ်းကျင်မှု....

556 52 0
                                    

"ချင်ချင် နှင်းဆီပန်းလေးတွေချွေပေးပါ ပြီးတော့ရေနဲ့ သန့်ရုံ
လောက်ဆေးပေး"
'ဟုတ် ဒါနဲ့ သခင်မလေးက ဘာလုပ်ဖို့ပန်းတွေချွေရတာလဲ
ချင်ချင်က အလှပန်းအိုးထဲထည့်ထားမယ်ထင်တာ'
"အင်းငါ အမွှေးနံသာဖယောင်းလုပ်ကြည့်မလို့
နှင်းဆီအနံ့လေးနဲ့ဆို အဆင်ပြေမယ်ထင်တာပဲ"
'သခင်မလေးက ဘယ်လိုလုပ်ရလဲ သိလို့လား'
ဒီကောင်မလေးကတော့လေ ငါ့ကို ဘာမှမလုပ်တတ်ဘူးများထင်နေတာလား
"အင်း သိတယ် မင်းအခုတလော ငါ့အပေါ်သိပ်မယဉ်ကျေးသလိုပဲ တခြားသူတွေအရှေ့မှာတော့ ငါ့ကိုမရိုင်းပျမိရင်
ကောင်းမယ်"
'တောင်းပန်ပါတယ် သခင်မလေး အကျင့်ပါနေလို့်ပါ'
အနည်းဆုံးတော့ သူမ ဆက်ဆံရေးတွေကန့်သတ်ထားရမည် တခြားအိမ်တော်ကိုသွားလည်မိရင် ချင်ချင်ပြောဆိုပုံ
တွေက အရှက်ရစေလို့ သခင်မကြီးအပြစ်ပေးမှ
ချင်ချင့်အတွက် ပိုဆိုးနေလိမ့်မည်
သူမလေး နှင်းဆီပွင့်ဖတ်လေးတွေကို ပြင်ဆင်နေပုံကို
ချင်ချင်ကတော့ အံသြစွာကြည့်ပြီး
'သခင်မလေး အရမ်းတော်တာပဲ သခင်မကိုမွေးနေ့မှာလက်ဆောင်ပေးမလို့လား'
"အင်း ဟုတ်တယ်"
သူမ အမွှေးဖယောင်းကို ၁ခါသာလုပ်ကြည့်ဖူးသည်
ဒါကလဲ သူမ အရင်ဘဝက စိတ်ဝင်စားရုံသက်သက်ပဲ
အကောင်းကြီးတော့ မလုပ်နိုင်သေးပေမယ့် သခင်မအတွက် လက်ဆောင်အဖြစပေးရန် အဆင်ပြေလောက်သည်
"ချင်ချင် မင်းအတွက်လက်ဆောင် တစ်ခုပေးမယ်"
' သခင်မလေး မယူဝံ့ပါဘူး ဒါက အရမ်းတန်ဖိုးရှိတယ်
သခင်မလေး ကိုယ်တိုင်ပြင်ဆင်ထားတာကို'
"မင်းကိုစမ်းသုံးကြည့်ဖို့ပြောတာ အဆင်ပြေရင် ငါ
တခြားနံသာတွေနဲ့စမ်းကြည့်မလို့"
'ဟုတ်ကဲ့ ဒါနဲ့ သခင်မလေးကလက်ဆောင်အဖြစ် ဒါကိုဘာလို့ပေးတာလဲ'
" နှင်းဆီကတော့ ခနတာဆို ကိစ္စမရှိပေမယ့် အချိန်အတော်ကြာရင် ခေါင်းကိုက်စေနိုင်တယ် မင်းသုံးကြည့်မယ်ဆိုလည်း အကြာကြီးမသုံးနဲ့ မင်းအိပ်ခါနီး
ခနအလိုလောက်ပဲ
မီးညှိပြီးသုံး နှင်းဆီနံ့ကမင်းအိပ်ရင် အညောင်းညာပြေပြီး
နိုးလာရင် လန်းဆန်းနေလိမ့်မယ်"
'အဲ့တာဆို သခင်မလေးက မွေးနေ့လက်ဆောင်
နှင်းဆီဖယောင်း ​ပေးမှာလား'
"အင်း...စဉ်းစားနေတုန်းပဲ"
သူမလေး စဉ်းစားမိတာတော့ သစ်ခွရနံ့ကပိုပြီး ဆွဲဆောင်မှု
ရှိလောက်သည်

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းWhere stories live. Discover now