ဇာတ်လိုက်မ....

385 55 0
                                    

"ယွမ်ယွမ် ညီမ​လေး မမကိုအရမ်း​ဒေါသမထွက်ပါနဲ့
မမက ညီမ​လေးအပြင်မှာ ဒုက္ခ​ရောက်မှာစိုးလို့ပါ"

​"​တော်​တော့ ဒီတစ်​ခေါက်က ၂​ယောက်လုံးရဲ့အမှားဖြစ်တာ​ကြောင့် သတိ​ပေးရုံ​လောက်နဲ့ပြီးလိုက်မယ်
​နောက်တစ်ခါ အမှားလုပ်ရင် ဘယ်သူ့မှ ဘက်မလိုက်ဘူး"

"သခင်ကြီးရယ် ခွင့်လွှတ်​ပေးလိုက်ပါ ယွမ်ယွမ်က အမှားလုပ်တာ ဒါပထမဆုံးမှမဟုတ်ဘဲ။ အဲ့​ကောင်မ​လေးက ဘယ်သူနဲ့တူလို့ အကျင့်မ​ကောင်းတာလဲမသိပါဘူး?"
သခင်မကြီးက​တော့ သူမကိုခွင့်လွှတ်ဖို့​ပြောသလိုနှင့်
စကားလုံးများနဲ့ထိုးနှက်​နေ​လေ​တော့သည်။
သူမ အ​မေကို​​စောင်း​ပြော​နေတာအသိသာကြီး...

"သခင်မကြီး ယွမ်ယွမ့် အမှားပဲမဟုတ်ဘူး​လေ မမလည်းမှားတာပဲကို ဘာလို့ယွမ်ယွမ့်ကိုပဲ အပြစ်ရှိသလိုလုပ်​နေတာလဲ။"
"​​တွေ့လား...ရိုင်းလိုက်တာ ပြန်ခံ​ပြော​နေတယ်"

"ယွမ်ယွမ် အ​ဖေက မင်းဘက်ကဆို​ပေမယ့် လူကြီး​တွေကိုပြန်ခံ​ပြောရ​လောက်​အောင် သတ္တိ​တွေ​ပေးမထားဘူး
အရမ်းရိုင်းတယ်..."
"​တောင်းပန်ပါတယ် သခင်ကြီး ​နောက်မဖြစ်​စေရပါဘူး"

"သခင်ကြီး နန်း​တော်ထဲအခစားဝင်ဖို့ရှိပါတယ်"
"​ကောင်းပြီ....ဒီ​နေ့​တော့ အကုန်အ​ဆောင်ပြန်လို့ရပြီ
​နောက်တစ်ခါ အမှားဖြစ်တာမျိုးမလိုချင်ဘူး"

"ဒီ​​နေ့ ​ခေါ်ရတဲ့အ​ကြောင်းအရင်းက အိမ်​ရှေ့စံအတွက်
မိဖုရား​လောင်း​ရွေး​ပေးဖို့ပဲ ..."
"​နောက်တစ်ပတ်အတွင်း နန်း​တော်မှာ ပွဲ​တော်ကြီးကျင်းပမယ်။ မိဖုရားကြီးက အကဲဖြတ်လိမ့်မယ် အိမ်​ရှေ့စံနဲ့ သင့်​တော်တဲ့မိဖုရား​လောင်းကို....
အဲ့​တော့ အမတ်​တို့ရဲ့သမီး​တော်​တွေကို ပွဲ​တော်ကို​ဖိတ်​ခေါ်​စေချင်တယ်"

"ဟုတ်ကဲ့ပါ ကျွန်​တော်မျိုးတို့နားလည်ပါပြီ။"

"အဲ့တာ​သေချာ​ပေါက် ပညာ​ရေးအမတ်ရဲ့သမီးဖြစ်မှာသိသာတယ်။ သူတို့က မိဖုရားနဲ့ဆက်သွယ်မှုရှိတာကြာခဲ့ပြီ။ ဘယ်သူမှတောင် ဖိတ်စရာမလိုဘူး။မဟုတ်ဘူးလား...?

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းOpowieści tętniące życiem. Odkryj je teraz