ဆင့်​ခေါ်ခြင်း........

386 54 2
                                    

Unicode

"မမ​လေးယွမ်ယွမ် ခုနက​လေ ချင်ချင် အိမ်​တော်ကိုသွား​တော့မင်းကြီးက သခင်ကြီးကိုနန်းတွင်းထဲကိုဆင့်​ခေါ်ထားတယ်တဲ့..."

နန်း​တော်က ဘာလို့များဘာလိမ့်...
ပြသနာ​တော့မရှိ​လောက်ဘူးမလား၊
ဇာတ်လိုက်မနဲ့ ​အိမ်​ရှေ့စံရဲ့မင်္ဂလာပွဲ​ဆွေး​နွေးမလို့များလား...
သူမ မှတ်မိသ​လောက်ဆို ဝတ္ထုထဲတွင်အိမ်​ရှေ့စံက ဇာတ်လိုက်မကို သ​ဘောကျ​နေ​လောက်ပြီ။

"ချင်ချင်... အပြင်ထွက်ချင်လား
အ​ဆောင်က​နေအပြင်မထွက်တာ ကြာပြီ​လေ​နော်..."

"သခင်မ​လေး လုံးဝမဖြစ်ဘူး​နော် ပြသနာဖြစ်ထားတာမကြာ​သေးဘူး မသွားပါနဲ့​နော်..."

သခင်ကြီးလဲ နန်းတွင်းက​ခေါ်စာ​ကြောင့် အလုပ်ရှုပ်နေမှာ ဒီအချိန်ကထွက်လို့အ​ကောင်းဆုံးပဲ​လေ​နော်...

"ချင်ချင် အပြင်သွား​နေကျအင်္ကျီ​လေးယူလာခဲ့..."

တစ်ခြားသခင်မ​တွေမှာ အပြင်ထွက်ရင်လှလှပပ​လေးနဲ့ သူမ သခင်မ​လေးက​တော့ ရုပ်ဖျက်ထွက်တယ်ဆိုရင်​တောင် ဒီ​လောက်ကြည့်မ​ကောင်းတဲ့အဝတ်မျိုးဝတ်စရာမလိုဘူးလို့ထင်တာပဲ။

သူမ​လေး အပြင်မထွက်ရတာ အ​တော်ပင်ကြာပြီ
၁လ​လောက်ပင်ရှိခဲ့​လေပြီ။ စျေးတန်းကြီးက​တော့
ယခင်လိုပင် စည်ကားလို့​နေ​သည်။

"ချင်ချင် ပိုးထည်ဆိုင်သွားရ​အောင်...
​နောက်မှ မုန့်ဝယ်ကြတာ​​ပေါ့"

"မ​တွေ့တာကြာပြီ မိန်းက​လေး..."
"ဟုတ် ဦး​လေး အိမ်ကထွက်မရလို့ဆိုင်ကိုအမြဲလာချင်​နေတာ..."
"ဒါနဲ့မိန်းက​လေးကို လာရှာတဲ့သူရှိ​သေးတယ်
မလာတာ​တော်​တော်ကြာလို့ဆိုပြီး..."

လာရှာတယ် ငါ့ကို...
ဘယ်သူက?
ဇာတ်လိုက်မက ငါ့ကို​စောင့်ကြည့်ခိုင်းထားတာများလား...
သခင်ကြီးက​ ငါခိုးထွက်တာကို ရိပ်မိသွားလို့များလား...

"သခင်မ​လေး ပြန်ရ​အောင်​နော်...
တစ်​ယောက်​ယောက်က သခင်မ​လေးရုပ်ဖျက်ပြီးခိုးထွက်တာကို သိ​နေတယ်​လေ။
ပြန်ရ​အောင်​နော်...သခင်မ​လေး"

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းDonde viven las historias. Descúbrelo ahora