ကြင်ယာတော်

490 58 0
                                    

Zawgyi

"ချင်ချင် အိမ်တော်ကိုသွားရအောင်"
'ဟုတ်ကဲ့သခင်မလေး ဒီနေ့အိမ်တော်ကို အခစားဝင်ရမယ်လို့သခင်ကြီးကမှာထားခဲ့တယ်'

ဘာလို့ကျန်တဲ့မောင်နှမတွေပါ ရှိနေတာလဲ။
'မင်းတို့ကို ဒီနေ့ခေါ်လိုက်ရတာက အိမ်ရှေ့စံမင်းသားရဲ့မွေးနေ့ပွဲကိုတက်ရောက်ရမှာကြောင့်ပဲ နန်းတော်ထဲဝင်ရမှာကြောင့်သတင်းဆိုးတွေမကြားချင်ဘူး အနေအထိုင်ဆင်ခြင်ကြဖို့ပြောချင်တယ်'
'သခင်ကြီး...ယွမ်ယွမ်ကိုအိမ်တော်မှာပဲထားခဲ့ရင် ဘယ်လိုလဲ ' သခင်မကြီးရဲ့စကားကလွန်လွန်းသည်။အိမ်တော်သခင်မကြီးတစ်ယောက်အနေနဲ့သူ့ပြောဆိုပုံတွေက
မလိုက်ဖက် ဟန်ဆောင်ပြီးတောင်မပြောနိုင်တော့ဘူးလား။
သူမချက်ချင်းပင် အသံတိုးတိုးလေနှင့်...
"သခင်မကြီးက ယွမ်ယွမ့်ကိုမလိုက်စေချင်ရင်နေခဲ့ပါ့မယ်
အဖေ"
သခင်ကြီးကနဂိုထဲက သူမကိုအလိုလိုက်တာ အိမ်တော်ကလူတိုင်းအသိ သခင်မကြီးကတော့ စိတ်ချို့ယွင်းနေသလားပဲ။
'အကုန်လုံးက ငါ့သားသမီးတွေချည်းပဲ... နန်းတော်ကိုဝင်ဖို့လိုက်ခဲ့ရမယ်'
သခင်ကြီးက ပြောစရာရှိတာပြောပြီးထွက်သွားလေပြီ။
သခင်မကြီးလည်း ယွမ်ယွမ့်ကိုကြည့်မရပေမယ့်
သခင်ကြီးအမိန့်ကြောင့်
'ယွမ်ယွမ်လေး မြို့ထဲသွားပြီး အဝတ်တွေဝယ်မလို့
လိုက်ခဲ့ပါလား'
"ရပါတယ် သခင်မကြီး ယွမ်ယွမ့် မယ်မယ်နဲ့သွားလိုက်ပါ့မယ်"
သခင်မကြီး ပြုံးနေသည်မှာအတော်ကြည့်ရဆိုးသည်။
သူမ မျက်နှာပေါ်က ယွမ်ယွမ်သားအမိကိုသဘောမကျသည်ကပေါ်လွင်နေသည်။
သူမလေး မယ်တော်နားသွားလိုက်ပြီး...
"မယ်တော်.. ဒီနေ့တော့ ယွမ်ယွမ်နဲ့မြို့ထဲလိုက်ခဲ့ပါလား"
သူမပူဆာနေသည့် ပုံစံကြောင့်
'အင်း သွားကြတာပေါ့'

သူမ အမေနဲ့တွေ့ရချိန်အတော်နည်းသည်။သခင်မကြီးကသိပ်မကြည်တာကြောင့် သူမအမေက အမြဲထိန်းထိန်းသိမ်းသိမ်းနေသည်။
ဒီနေ့တော့သူမရဲ့အမေနဲ့အပြက်ထွက်တာပထမဆုံးဆိုတော့ သူမ အဝတ်အစားကို ကောင်းကောင်းမွန်မွန် ပြင်ဆင်လိုက်သည်။ မျက်နှာအကာမဝတ်ချင်ပေမယ့် သူမတို့သွားမည့်အထည်ဆိုင်က မှတ်မိသွားလောက်တာကြောင့်
သူမ မျက်နှာကိုဇာပဝါပါးနှင့်လွှမ်းလိုက်သည်။

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းDonde viven las historias. Descúbrelo ahora