လုပ်ကြံသူကို​ဖော်ထုတ်မယ်

271 31 1
                                    

Unicode

"ယွမ်ယွမ်...
အိမ်​ရှေ့စံနဲ့စကား​ပြောတုန်း အမှားလုပ်ခဲ့​သေးလား"

"အမှားမလုပ်ပါဘူး။ ယွမ်ယွမ်အ​ကောင်းဆုံး
အမှားမပါ​အောင် ကြိုးစားခဲ့ပါတယ်။"

"​ကောင်းတယ်။ ဒါနဲ့အိမ်​ရှေ့စံကသခင်ကြီးနဲ့​ပြောစရာရှိလို့တဲ့ ဘာများ​ပြောမလို့လဲမသိဘူး။ စိတ်ပူလိုက်တာ
မင်းအမှားမလုပ်ခဲ့ရင်​တော့ ပြသနာမရှိပါဘူး။"

သခင်ကြီး....အဆင်​ပြေရဲ့လား။
"အိမ်​တော်ကိုပြန်မယ် ​ဝေါယာဥ်​ပေါ်တက်​တော့။"

ယွမ်ယွမ်...
"အ​ဖေ့ကိုဖုံးကွယ်ထားတာမရှိဘူးလား?"

"ယွမ်ယွမ်က အ​ဖေတို့ကိုဖုံးကွယ်စရာမရှိပါဘူး။"

"ယွမ်ယွမ် မင်းတစ်ခုခုဖြစ်ရင်အ​ဖေ့ကိုလာ​ပြောပါ
မင်းက မိဖုရားဖြစ်​တော့မှာ ဘယ်သူမှလာပြီး​စော်ကား​ပြောဆိုတာ၊ ထိခိုက်​အောင်လုပ်တာ​တွေ မဖြစ်​စေရဘူး။"

"ဟုတ်ကဲ့ ယွမ်ယွမ်တစ်ခုခုဆို သခင်ကြီးကိုအ​ကြောင်းကြားပါမယ်"

"ယွမ်ယွမ် အ​ဆောင်ကိုပြန်​တော့"

ယွမ်ယွမ်ရဲ့အ​ဆောင်ကို အ​စောင့်ပိုတိုးထားမယ်
​နောက်​တော့ သခင်မကြီးနဲ့သူ့ညီအစ်မ​တွေကို
ယွမ်ယွမ့်အ​ဆောင်ထဲ​ပေးမဝင်နဲ့။

မမ​လေး ပြန်လာပြီ။
"မမ​လေးယွမ်ယွမ် ချင်ချင်တို့အ​ဆောင်ကိုအ​စောင့်​တွေအများကြီး​ရောက်လာတယ်။ သခင်ကြီးကပို့​​ပေးထားတာတဲ့ ​နောက်​တော့အ​ဆောင်ကိုလူတိုင်းဝင်ခွင့်မ​ပေး​တော့ဘူး"

သူမ လုပ်ကြံခံရတာ သခင်ကြီးများသိသွားပြီလား?
အဲ့တာဆို သခင်မကြီးနဲ့ဇာတ်လိုက်မ လုပ်ကြံတာကို​ရောသိသွားပြီလား။
သခင်ကြီးကရိပ်မိသွားတာလား...

"ချင်ချင် သခင်ကြီးကတစ်ခြားဘာ​ပြော​သေးလဲ"

"သခင်မကြီးနဲ့ မမ​လေးရဲ့အစ်မ​တော်၁ ကို အ​ဆောင်ဝင်ခွင့်မ​ပေးဖို့​ပြောထားတယ်"

သခင်ကြီးသိသွားပြီ​ပေါ့...
အိမ်​ရှေ့စံ​ပြောလိုက်တာများလား...

"ချင်ချင် ငါအနားယူချင်ပြီ အခန်းထဲဘယ်သူမှ မလာ​စေနဲ့​တော့"

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းWhere stories live. Discover now