မွေးနေ့ပွဲ ၁

472 53 0
                                    

Zawgyi

သူမလေးရဲ့အဝတ်အစားကသူများတွေနဲ့ယှဉ်ရင် နိမ့်ကျနေတယ်လို့တော့မရှိဘူး။ တခြားအိမ်တော်က သခင်မလေး
တွေကိုတော့ အစ်မဝမ်းကွဲ ၁က ဧည့်ခံနေသည်။
သူမလေးမှာ တခြားအိမ်တော်ကခင်ရတဲ့ သခင်မလေးမရှိ
သည်မှာသိသာလို့နေသည်။ ဘယ်သူကမှ တကူးတက
လာနှုတ်ဆက်ခြင်းမရှိပေ။

'ယွမ်ယွမ်...အစ်မတော့ညီမလေး အမှားမလုပ်မိရင် ကောင်းမယ်လို့ပြောချင်တယ်'
ဘယ်သူများလဲလို့...ဇာတ်လိုက်မပဲ
"ဟုတ်ကဲ့ အစ်မ၁ ညီမကြောင့် ပြသနာမဖြစ်စေရပါဘူး"

'ကောင်းတာပေါ့..ညီမလေးက ခုတလောပြသနာမရှာတော့ဘူးလို့ အစ်မကြားတယ် နောက်ဆုံးတော့ ညီမလေးရင့်ကျက်လာပြီပဲ'
ဇာတ်လိုက်မက သူမကိုတမင်ပြောချင်နေတာ အသိသာကြီး ဘေးမှာ တခြားအိမ်တော်က သခင်မလေးတွေရှေ့မှာ
အရှက်ရအောင်လုပ်နေတာ...
ဒီဇာတ်လိုက်မကတော့...
'အစ်မ ၁..ယွမ်ယွမ်ကိုသိပ်မဆူပါနဲ့ သူကနဂိုထဲကဆုံးမလို့မှမရတာ လူကြီးကိုလူကြီးမှန်းမသိ ရိုသေမှုလည်းမရှိနဲ့
အစ်မ၁ သူ့ကိုဆုံးမလည်း အရိုင်းက အယဉ်ဖြစ်မလာဘူး'

အမယ်လေး...နင့်အစ်မ ၁ကနောက်ဆုံးနင့်ကိုသတ်မယ်ဆိုရင် နင်ဒီလိုပြောနိုင်ဦးမှာလား တကယ့်အရှုပ်ထုတ်ညီအစ်မတွေ...

သူမလေးဘာမှပြန်မပြောချင်တာကြောင့်
ရေနွေးသာသောက်ပြီး ငြိမ်နေလိုက်တယ်
သူမတို့ထိုင်နေတဲ့နေရာကို အစ်ကို၁ လှမ်းကြည့်တာ သတိထားမိသည်။ သခင်မမျက်နှာမကောင်းတာ အသိသာကြီး သူကသူ့သားကို တခြားအိမ်တော်ကသခင်မလေးတွေနဲ့ရင်းနှီးစေချင်သည်။ သူ့သားမျက်လုံးတွေကတော့ ဇာတ်လိုက်မကို မခွာနိုင်အောင်ဖြစ်နေတာပင်။

ဇာတ်လမ်းအတိုင်းဆိုလျှင် ခနနေရင် ဇာတ်လိုက်မက ဖျော်ဖြေသီဆိုလိမ့်မည် သူမ တွေးတာမကြာသေး...
'သခင်မ အတွက်သီချင်းလက်ဆောင်နဲ့ ဖျောဖြေပေးချင်ပါတယ်'
သူမက ဇာတ်လိုက်မ ပီသသည။် သူ့အသံက ခန်းမအတွင်းအကုန်လုံးကို ညို့ယူနေသလိုပဲ...
တကယ်မတရားဘူး
ငါ့မှာအရည်အချင်းတစ်ခုခုတောင်မရှိဘူးလားလို့...

ဇာတ်လိုက်မ သီချင်းဆိုပြီးတာနဲ့ အိမ်တော်တိုင်းကချီးမွမ်းကြသည်။ သခင်ကြီးမျက်နှာက သူ့သမီးကြီးကို ဂုဏ်ယူနေတဲ့ပုံစံကိုကြည့်ရင်း သူမလေး စိုးရိမ်မိသည်။ ဒီအိမ်မှာ သူမလေးကို စိတ်တိုင်းကျအလိုလိုက်တာ သခင်ကြီးအပြင်
ဘယ်သူရှိဦးမှာလဲ...
တချို့ သခင်မလေးတွေကတော့ သခင်မကို လက်ဆောင်ဆက်သနေကြပြီ။ သူမလေး အခုအချိန်ဆက်သသင့်လား
လက်ဆောင်ကိုဝိုင်းလှောင်ကြရင် နောက်ထပ်လက်ဆောင်
ပြင်ထားသင့်လား? သူမလေးစဉ်းစားနေတုန်း...

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းTempat cerita menjadi hidup. Temukan sekarang