Unicode
သူမ သိသည်။ သူမအမေကအမြဲတမ်း သခင်မကြီး
ကိုစိတ်အနှောင့်ယှက်မဖြစ်အောင်နေလေသည်။
ဒါပေမယ့်လည်း အဲ့လောက်ကြီးအထိမလိုဘူးမလား။
အခုအချိန်က နန်းတော်ထဲဝင်ရမယ့်ကိစ္စကို...
သူမရော တစ်ခြားသခင်မလေးတွေလို လှပိုင်ခွင့်မရှိဘူးလား။ ရုပ်ကအရမ်းကြည့်မကောင်းဖြစ်နေတာမှမဟုတ်တာ သူမရဲ့အပြင်အဆင်က အတော်လေးကိုဆိုးနေလို့
နောက်ဆုံးတော့လည်း....တတ်နိုင်တာမရှိဘူး။
ငါက ဒီကမ္ဘာကိုဘာလို့ရောက်လာလည်းသေသေချာချာတောင်မသိရသေးတာကို....'သခင်မလေးရဲ့မယ်မယ်ရောက်လာတယ်'
သူမအိပ်ရာပေါ်ကအမြန်ဆင်းပြီး ဂါရဝပြုလိုက်တယ်
"ဘာအကြောင်းများရှိလို့ပါလဲ..."
'မင်းကို လာခေါ်တာအပ်ချုပ်ထည်သွားပေးမလို့"ဟမ်...နားကြားမှားတာလား ခုနကပဲ မခေါ်ဘူးပြောပြီး
"မလိုက်တော့ပါဘူး...အမေအဆင်ပြေသလိုသာ
ချုပ်ခဲ့ပါ"
'မင်း အထည်နဲ့ပတ်သက်ပြီးစိတ်ဝင်စားမလား လိုက်ခဲ့ပါ တစ်ခုတော့ကတိပေးရမယ်။ နန်းတွင်းထဲဝင်တဲ့နေ့
ပြသနာလုံးဝမရှာမိစေနဲ့။'
"ဟုတ်ကဲ့ကတိပေးပါတယ်"သူမလေးအနည်းငယ်တော့ပျော်ရွှင်သွားလေသည်။
အနည်းဆုံးတော့ သူမမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသေးသည်။
သူမအမြင်က အရမ်းကြီးရှေးရိုးမဆန်တာကြောင့်
အင်္ကျီပုံစံကို အသေအချာလေးဆိုင်ကိုရှင်းပြနေလေသည်။သခင်မလေးတော်တော်များများက ပုံစံတစ်ခုခေတ်စားရင် အဲ့ဒီ့ပုံစံလိုက်ချုပ်တာချည်းပင်။
သူမကပုံစံတွေ အများကြီးသိထားရက်နဲ့ တစ်ပုံစံထဲကိုတော့မရွေးချင်ပေ။"ကျွန်မပြောတဲ့ပုံစံအတိုင်းသေသေချာချာချုပ်ပေးပါနော်...."
ဆိုင်ရှင်ကတော်တော်အံ့သြမိသည်။ သူတို့ဆိုင်လာနေကြ သခင်မလေးတိုင်းက အထက်စီးဆန်သည်။ မာနကြီးသည်။ အခုလို ပြုံးပြုံးရွှင်ရွှင်နဲ့ အကူညီတောင်းသည့်ပုံစံစကားပြောနေတာလေးက
သူမကိုပိုလို့ပင် ဆွဲဆောင်မှုရှိစေလေသည်။
'စိတ်ချပါ...အကောင်းဆုံး ချုပ်ပေးပါ့မယ်'
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit