မွေးနေ့ပွဲ ၂

424 46 0
                                    

'ယွမ်ယွမ် ညီမေလးက ဘာမှမဟုတ်တဲ့ဒီအမွှေးနံ့သာဖယောင်းလောက်ကို သခင်မကိုပေးတယ်ဆိုတော့ သခင်မအတွက်ဒီလက်ဆောင်ကနိမ့်ကျမနေဘူးလား'
ဒီဇာတ်လိုက်မက သူ့ပုံစံအမှန်ပြနေမှတော့ ငါလဲ ငြိမ်နေစရာအကြောင်းမရှိဘူး...

သူမလေးဝမ်းနည်းတဲ့ပုံစံလုပ်လိုက်ပြီး
" အစ်မ ၁ကညီမေလးကို အပြစ်မလုပ်ဖို့ပြောထားတာသိ
ပေမယ့်
ဒါညီမလေးအပြစ်လုပ်တာမဟုတ်ပါဘူး ကိုယ်တိုင်ကြိုးစား
ပြီးအကောင်းဆုံးလုပ်ထားတာကို သခင်မကိုဆက်သချင်ရုံပါ
သခင်မ ယွမ်ယွမ့်ကို စိတ်မဆိုးဘူးမလား"
အရင်စိတ်နဲ့သာဆို သူမထသောင်းကျန်းပြီးနေလောက်ပြီ
ဇာတ်လိုက်မက ဘယ်အခြေအနေရောက်ရောက် သူမကို
ဖြုတ်ချဖို့မမေ့လေဘူး။

သခင်မက သခင်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး
'သေချာတာပေါ့ကွယ် စိတ်မဆိုးပါဘူး ကိုယ်တိုင်လုပ်ထားတဲ့လက်ဆောင်က အကောင်းဆုံးပဲပေါ့'

သူမလက်ဆောင်က နိမ့်ကျမနေတာအကုန်လုံးသိရက်နဲ့
ဇာတ်လိုက်မကတော့ သူမကိုတွန်းချဖို့အကောင်းဆုံးကြိုးစားနေတုန်း!

"သခင်ကြီး...ယွမ်ယွမ်က လက်ဆောင်အပိုထပ်ပါသေးတယ် ဖေဖေ့အတွက်ကိုယ်တိုင်ပြင်ဆင်လာတဲ့ အမွှေးနံ့သာအိတ်ပါ ကြိုက်မယ်လို့မျှော်လင့်ပါတယ်"

ဒီကောင်မလေးဘာတွေအကွက်ရွေ့နေတာလဲ
အရင်က ငါပြောသမျှတစ်ခွန်းမခံပြောနေတဲ့ ငတုံးမက
သခင်ကြီးအတွက်တောင်လက်ဆောင်ယူလာတယ်လား

"အစ်မ ၁ရော အမွှေးနံသာဖယောင်းလိုချင်ရင် ညီမလေးပေးမယ်လေ"
ဇာတ်လိုက်မက ခုလေးတင်သူမလက်ဆောင်ကိုနိမ့်ကျတယ်လို့ပြောထားတာ သူမယူမယ်လို့ပြောလိုက်ရင် ဒါ
ကိုယ့်ကိုယ်ကို ရိုက်ချသလိုဖြစ်နေမှာ...
'ရပါတယ်...ညီမလေး အစ်မအပေါ်သိတတ်တာကို ဝမ်းသာပါတယ်'

သူမလေးမွေးနေ့ပွဲပြီးတော့တွေးမိတာက သူမ အကနဲ့ပတ်သက်ပြီး တစ်ခုခုသင်ယူဖို့ကြိုးစားရတော့မည်
နောက်ပိုင်းကျ ဇာတ်လိုက်မက ပွဲတိုင်းသူမကိုပြသနာရှာတော့မည် ဇာတ်လိုက်မ ကျွမ်းကျင်သလောက်မဟုတ်ရင်တောင် နည်းနည်းပါးပါးတတ်ထားတာလဲ ကောင်းပါတယ်လေ။ နစ်နာစရာရှိတာမှမဟုတ်တာ...

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းDonde viven las historias. Descúbrelo ahora