အ​နှောင့်အယှက် ၂

395 66 0
                                    

​​ Unicode

  "​ဖေ​ဖေ မမကိုအပြစ်မတင်ပါနဲ့ မမက သမီးအ​ပေါ်​ကောင်း​ပေမယ့် အခုလိုကြီး လူလည်မှာ အရှက်ကွဲ​အောင်လုပ်မယ်မထင်ထားဘူး...
ညီအစ်မ အချင်းချင်းကို မကာကွယ်​ပေးတဲ့အပြင် ..."

သရုပ်​ဆောင်​ကောင်းရမယ်​လေ ဒရမ်မာ​တွေကြည့်ထားတာ ဘာလုပ်ဖို့..!

"စိတ်မပူပါနဲ့ သမီး​လေးရယ် အ​ဖေက ​သေချာ​ပေါက် ဆုံးမလိုက်မှာ မငိုနဲ့​တော့ လိမ္မာတယ် ယွမ်ယွမ်လိုချင်တာရှိရင် အ​ဖေ့ကိုသာ​ပြော"
"ဟုတ်...ခု​တော့အိပ်ချင်​နေပြီ"

"ဒါ​ပေါ့ ပင်ပန်းထားတာကို... သမီးကဒီ​နေ့အ​ဖေ့ကို မျက်နှာရ​အောင် ​ကောင်းတဲ့ကိစ္စ​တွေအများကြီးဖြစ်​မြောက်​အောင်လုပ်​ပေးခဲ့တယ်...
​နောက်ဆို လိုအပ်တာ​​ပြောနိုင်တယ် မင်းအတွက် အ​ထောက်အပံ့​တွေဖြစ်​စေရမယ်"

"​ကျေးဇူးတင်ပါတယ် ​နောက်လည်း ယွမ်ယွမ် အ​ဖေမျက်နှာရ​အောင် အ​ကောင်းဆုံးကြိုးစားမှာပါ"

သူမတို့စကား​ပြောပြီး​နောက်တွင်​တော့ သခင်ကြီး အ​ဆောင်ထဲမှ ထွက်သွားခဲ့​လေသည်။

"သခင်ကြီး ကျွန်​တော်မျိုးကို ​ခေါ်တယ်ဆိုလို့ပါ"
"မနက်ဖြန် သခင်မကြီးကို​တွေ့ချင်တယ်လို့ အ​ကြောင်း
ကြား​ပေး ​နောက်​တော့ ယွမ်ယွမ် အပါအဝင် အကုန်လုံးလူစုံ​အောင် စုခိုင်းထားပါ။ ငါ့အိမ်​တော်မှာ
တစ်​ယောက်ကို အနိုင်ကျင့်​နေတာမျိုး ဘယ်လိုအပြစ်​ပေးမလဲဆိုတာ သူတို့သိပါ​စေ။"

သခင်မ​လေး....
"သခင်ကြီးက တစ်အိမ်လုံး လူစုခိုင်းထားတယ်..."
"အ​ဖေကလား....?"

ဘာအ​​ကြောင်းရှိလို့လဲ တစ်အိမ်လုံး​ခေါ်ရ​လောက်​အောင်...

"ယွမ်ယွမ် ...အစ်မ​တော်ကိုကူ​ပြော​ပေးပါဦး
အ​ဖေက​လေ အစ်မက ညီ​လေးကို အနိုင်ကျင့်တယ်ပဲ​ပြော​နေတယ် မဟုတ်ဘူး​လေ...ညီမ​လေးသိသားပဲ
မမက ညီမ​လေးအ​ပေါ် ဂရုစိုက်တာ ..."

ဂရုစိုက်တာ...
သူ လူမှား​နေတာလား....
ဂရုစိုက်မှုဆိုတာ တစ်သက်လုံး​တောင်မရှိခဲ့ဖူးဘူး။
အမြဲ​ချောက်ချ​နေတဲ့သူကများ ဒီစကား​ပြောထွက်ရဲတယ်။
သူမရဲ့အ​တွေးအတိုင်းဆိုရင်​တော့ ဇာတ်လမ်းရဲ့အ​ရေးမကြီးတဲ့ အပိုင်းတစ်ချို့​ပြောင်းလဲ​နေ​လေပြီ။

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းWhere stories live. Discover now