​မွေး​နေ့ပွဲ

385 52 0
                                    

'အိမ်​ရှေ့မင်းသား ကျွန်​တော်မျိုး ​မွေး​နေ့မင်္ဂလာပွဲကို
ဂုဏ်ပြုပါတယ်'

အမတ်​တွေ ဝန်ကြီး​တွေဂုဏ်ပြု​နေသည်က ပျင်းစရာ​ကောင်းသည်ဟု သူမထင်သည်။
​မွေး​နေ့ကိတ်​လေးဘာ​လေးမရှိဘူးလား။
ဒီဘက်​ခေတ်ကြီးက အစားအ​သောက်နည်းပါးလိုက်တာ။

"ဒါက ကျွန်​တော့်ရဲ့မိဖုရားကြီးပါ"
"ကျွန်​တော်မျိုးမိသားစုက ဂုဏ်ပြု​ပေးဖို့​ရောက်​နေ​ကြောင်းပါ"
"အင်း....အမတ်ရဲ့သမီး​တော်က ​ဖျော်​ဖြေမယ်ကြားတယ် အဲ့တစ်ယောက်...?"

သူမသိသ​လောက်ဆို ဒါက ဇာတ်လိုက်မပင်...
ဇာတ်လိုက်မက အိမ်​ရှေ့မင်းသားရဲ့အချစ်ကိုရရန်အသည်းအသန်ကြိုးစား​လေသည်။

"ကျွန်​တော်မျိုးမက ​ဖျော်​ဖြေ​ပေးမှာပါ"
"အင်း​ကောင်းပြီ ...မင်းက တူရိယာနဲ့အက မှာထူးချွန်တယ်လို့ ကြားထားပါတယ်"
"မဟုတ်တာ ...အရမ်းကြီးမ​​တော်ပါဘူး"

ဒီဇာတ်လိုက်မကြီးရယ် ချွဲပြစ်​နေလိုက်တာ...

သူမက​တော့ အထူးတလည်လူမမြင်တဲ့​ချောင်ကျသည့်​နေရာ​လောက်မှာသာဝင်ထိုင်လိုက်သည်။
​နောက်​တော့ သူမမုန့်အချို့ကို ယူစား​နေ​လေ​တော့သည်။
မုန့်က​​ကောင်းတာ...
သူမ ပလုပ်ပ​လောင်းစား​​နေသည်ကို​တော့ ကြည့်ပြီး
လူတစ်​ယောက်က​တော့ရီ​နေ​လေသည်။

"အစ်ကို​တော်​ပြောတာ အဲ့​ကောင်မ​လေးလား"
"အင်း ဟုတ်တယ် အဲ့​ကောင်မ​လေး မထူးဆန်းဘူးလား..သူမက အိမ်​ရှေ့စံဖြစ်တဲ့မင်းကိုအာရုံစိုက်ဖို့​နေ​နေသာသာ မုန့်စားတာနဲ့အလုပ်ရှုပ်​နေတယ် "
"အဲ့​တော့အစ်ကို​တော်က သူ့ကိုသ​ဘောကျတယ်​ပေါ့"
"သ​ဘောကျတယ်​တော့မဟုတ်​သေးဘူး ​စောင့်ကြည့်​နေတုန်းပဲ"
"အစ်ကို​တော်လှုပ်ရှားသင့်တယ်​နော်..."

"မင်းစားတဲ့မုန့်က​တော်​တော်​ကောင်းလို့လား?"
သူမစား​နေတာ​တော့ဟုတ်​ပေမယ့်
ဒီလူက ဘာလို့...
"အင်း​တော်​တော်​ကောင်းတယ် အရသာအရှိဆုံးပဲမုန့်​တွေထဲမှာ...ဒါနဲ့ ဘယ်သူ?"

"ကိုယ်က အရင်မင်းကြီးရဲ့သား​တော် 'ဝမ် 'ပါ"
"အာ...​တောင်းပန်ပါတယ် မင်းသား ကျွန်မ မရိုသေသလိုဖြစ်သွားတယ်"
"ရပါတယ်...မင်း အဆင်​ပြေမယ်ဆို ဥယာဥ်ဘက်ခနလိုက်လို့ရမလား ကိုယ် မင်းကိုအရင်ထဲက​တွေ့ဖူးတယ်ထင်တယ် အတည်ပြုချင်လို့"

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းWo Geschichten leben. Entdecke jetzt