[Unicode]အရမ်းနာကျင်တယ်...
သူမတကယ်ကြီးကိုနှလုံးတည့်တည့်ကို တိုက်ခိုက်ခံခဲ့ရတာ။တီ....တီ....တီ
သူမ လေးလံတဲ့မျက်ခွံတွေကိုအားယူဖွင့်လိုက်ရင်း
ငါအသက်ရှင်နေသေးတာလား။
သူမဖုန်းက alarm ကိုပိတ်ပြီးချိန်မှာတော့
သူမ အိမ်မက်ဆိုးမက်နေမှန်း သိသွားခဲ့လေသည်။
ဘယ်လိုတောင်ဆိုးတဲ့အိမ်မက်လည်း ခုထိ ရင်ဘတ်တွေအောင့်နေသလိုပဲ။
အား...ငါအလုပ်နောက်ကျတော့မှာပဲ။
သူမအလုပ်သွားဖို့ပြင်ဆင်ရန် ရေးချိုးခန်းထဲအမြန်ပြေးဝင်လိုက်တော့သည်။ယွမ်ယွမ် မင်း ဒီနေ့အလုပ်နောက်ကျနေတာလား
သေချာပေါက် စောစောလာဖို့မပြောခဲ့ဘူးလား။ ဒီနေ့မန်နေဂျာ
အသစ်လာဖို့ရှိတယ်လို့
မင်းလိုပုံစံနဲ့ဝန်ထမ်းကောင်းဖြစ်လာမှာ မဟုတ်ဘူး။
'တောင်းပန်ပါတယ် ခေါင်းဆောင် မနက်ကနေမကောင်းလို့
ဆေးခန်းဝင်နေလို့နောက်ကျသွားတာပါ'
ဆင်ခြေတွေချည်းပဲ မြန်မြန် ကိုယ့်နေရာကိုယ်သွားတော့...'ယွမ်ယွမ် နင်အဆူခံရပြန်ပြီလား အဲ့တာကြောင့်ငါမပြောဘူးလား။ နင်စောစောထသင့်ပါတယ်ဆိုနေ'
'ငါသိပါတယ် ခုဟာကလည်းတိုက်ဆိုင်ပြီးနောက်ကျသွားတာ
အရင်နေ့က အဲ့လောက်နောက်ကျတာမှမဟုတ်တာ'
သူမ အခုမှစဥ်းစားမိသည် သူမ စားပွဲဘေးကသူငယ်ချင်းနာမည်က ချင်ချင်ဖြစ်နေလေသည်။ ဒါက သူမအိမ်မက်ထဲက သူမရဲ့အစေခံရဲ့နာမည်နဲ့တူနေသော်လည်း သူမရဲ့မျက်နှာနဲ့ပုံစံကတော့ လုံးဝကွဲပြားလို့နေလေသည်။'ယွမ်ယွမ်...'
သူမရဲ့တံတောင်ကိုတွတ်လာတဲ့ချင်ချင်ကြောင့် သူမမျက်စပစ်ပြ
သည်ကိုကြည့်မိတော့ ခေါင်းဆောင်က သူမကိုမကျေမနပ်
အပိုင်းပိုင်းဖြတ်ချင်သလိုကြည့်နေတော့သည်။ခဏနေ အားလုံးအစည်းဝေးခန်းထဲကို လာခဲ့ပေးပါ။ ငါတို့ငှာန
ကိုမန်နေဂျာအသစ်ရောက်လာမှာ သူ့ကိုကြိုဆိုပွဲလုပ်ပေးဖို့ပြင်ထားကြ...
'ခေါင်းဆောင်က သူမျက်နှာရချင်တာနဲ့ ငါတို့က ကူညီရဦးမယ်
ပြီးရင် ဒါအကုန်လုံးက ကြိုဆိုဖို့ သူလုပ်ထားတယ်ပဲဖြစ်မှာ
ဟုတ်တယ်မလား ယွမ်ယွမ်!'
'ယွမ်ယွမ်... နင်ဘာဖြစ်နေတာတုန်း အဆူခံရလို့ရူးသွားပြီလား
ငါပြောတာလေးလည်း ဂရုစိုက်ပါဦး'
'အင်း ငါကြားပါတယ်'
ဒီနေ့နေမကောင်းတာကြောင့် ဘာမှသိပ်အာရုံမစိုက်နိုင်တာ။
ŞİMDİ OKUDUĞUN
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romantizmသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit