အစ်ကိုတော်၂

495 52 0
                                    

'သခင်မလေးရဲ့အစ်ကိုတော်၂ က သခင်မမွေးနေ့ပွဲကို
တူတူသွားမယ်လို့လာခေါ်ပါတယ်'
"အစ်ကို၂ ခနလောက်စောင့်ပေးမလား  လက်ဆောင်ပြင်
နေတာလေးမပြီးသေးလို့ "
'ရပါတယ် ဒါနဲ့လက်ဆောင်က ဘာလဲကြည့်လို့ရမလား'
"အစ်ကို၂ ဒါကိုပြောရင် စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူး
သခင်မကို လက်ဆောင်ဆက်သမှ ကြည့်ပါတော့"

ဒီကောင်မလေးဘယ်တုန်းက စိတ်ဝင်စားအောင်ပြောတတ်သွားတာလဲ
"အစ်ကိုတော် ၂ သွားရအောင် ပြင်ဆင်ပြီးပြီ"
သူ့ညီမလေးက ကလေးမဟုတ်တော့ဘူးပဲ
သူမ မျက်နှာထက်မိတ်ကပ် ပါးပါးလေးက သူမလေးကို
ရင့်ကျက်တည်ငြိမ်သည့်ပုံစံဖြစ်စေသည် အရင်က အဆိုး
လေးက အခုတော့လဲ အရမ်းကိုပြောင်းလဲနေပြီ
"အစ်ကို၂ရော လက်ဆောင်မပါဘူးလား"
'ပါပါတယ် ဒါပေမယ့်ခုတော့ယူမလာဘူး လက်ဆောင်ကို
ပို့ပြီးပြီလေ ဒီမလာခင် အိမ်တော်ကိုဝင်ခဲ့သေးတယ်
ဧည့်သည်လည်း မဆုံသေးတာနဲ့ ညီမလေးကို လာခေါ်တာ'

"အင်း... ဒါနဲ့ အစ်ကို၁ရော မပါဘူးလား"
သူမလေးသိသလောက် ဝတ္ထုထဲတွင် အစ်ကို၁က အစ်မအကြီးဆုံးကိုကြိုက်နေတာ ဒါပေမယ့် အစ်မကြီးက လုံးဝလက်မခံပေ။ သူ့အတွက်ကတော့ မင်းသားကိုလက်ထပ်ဖို့ကသာ အရေးကြီးသည်။
'အင်း...ညီမလေးက အစ်ကို၁ကိုမျှော်နေတာလား
အစ်ကိုကြီးက သခင်မအနားမှာနေပေးဖို့ လိုတယ်လေ
တခြားအိမ်တော်က သခင်မလေးတွေလည်းလာမှာဆိုတော့
ဧည့်ခံပေးဖို့လိုသေးတယ်လေ'

"ချင်ချင်ပြောစရာတစ်ခုခုရှိလို့လား"

သူမ သခင်မလေးကိုပြောစရာရှိပေမယ့်
ချင်ချင်က အရိပ်အကဲမသိတတ်တာတော့မဟုတ်

'ဟုတ်ကဲ့ သခင်မလေးနောက်မှ ချင်ချင်ပြောပါတော့မယ်'
"ချင်ချင်...ခုနက ပြောစရာရှိတာဘာလဲပြောလေ
အစ်ကို၂ က သခင်မကို ဂါရဝပြုဖို့သွားပြီ"

'သခင်မလေး...အဆင်ပြေရဲ့လား သခင်မလေးက လူများတဲ့နေရာသိပ်မသွားဘူးလေ အခုကတခြားအိမ်တော်က သခင်မလေးတွေပါ လာမှာဆိုတော့ ချင်ချင်စိတ်ပူလို့'
"ရပါတယ်...ကိစ္စမရှိဘူး ဒီအတိုင်းလေးနေရုံပဲကို"
'သခင်မလေး ချင်ချင့်အထင် ပညာရေးအမတ်ရဲ့ သမီးတော်
ပါမယ်ထင်တယ်'
"ဟုတ်လား...အဲ့တာဘာလို့လဲ"
'သူက သခင်မလေးကို တစ်ခါအနိုင်ကျင့်ဖူးတယ်လေ
သုံးစားမရဘူး အဖေအလိုလိုက်တာကြောင့် ဆိုးနေတာ
မိဘနောက်ခံကြောင့်သာမဟုတ်ရင် အမှိုက်သာသာပဲ
လို့ပြောဖူးတယ်'

ဘာကြီး ငါလဲဘာမှမသိပါလား
ဒါတွေက ဝတ္ထုထဲမှာမှ မပါတာ သူမလူများရင်ကြောက်တတ်မှန်းတော့သိပေမယ့် ဘယ်သူကအနိုင်ကျင့်တယ်လို့မှရေး
မထားတာကို
ပြီးတော့ ပညာရေးအမတ်ရဲ့ သမီးကအဲ့လိုပြောတာခံရအောင် မူလခန္ဓာကိုယ်ပိုင်ရှင်က ဘာတွေပြသနာရှာထားလဲမှမသိတာ

ကျိန်ဆဲမိခြင်း/ ကျိန်ဆဲမိခြင်းOnde histórias criam vida. Descubra agora