Unicode
"မမလေး ယွမ်ယွမ်သခင်မကြီးက တိုင်းရင်းဆေးပို့ပေးလိုက်တယ်။ အဲ့ဆေးက မိန်းကလေးတွေအတွက် တော်တော်အကျိုးထူးတာ။ နာမည်လဲကြီးတယ်
စျေးကလဲတော်တော်ပေးရတယ်။
ကြည့်ရတာ သခင်မကြီးကမမလေးအပေါ် ကောင်းစပြုလာပြီထင်တယ်...""ချင်ချင် နင်ကလူတိုင်းကိုအယုံလွယ်နေတာပဲ
လူတွေမှာပြောင်းလဲတာနှစ်မျိုးပဲရှိတယ်။
သေခါနီးလူရယ်... နောက်တစ်မျိုးကတော့ အကျိုးလိုလားတဲ့သူရယ်။ ""မမလေးက မိဖုရားဖြစ်တော့မယ်ဆိုတော့
နောက်ပိုင်းကျ မမလေးအကူအညီကိုသူတို့လိုအပ်မှာပေါ့""ဘာပဲဖြစ်ဖြစ် သခင်မကြီးပေးတဲ့ဆေးကိုမသောက်ချင်ဘူး သွန်ပစ်လိုက်။"
"မမလေး ဒါအရမ်းစျေးကြီးတာနော် တန်ဖိုးရှိတာကိုသွန်လို့ဖြစ်ပါ့မလား..."
"ဖြစ်တယ် ....သွန်ပစ်လိုက်!"
"ဟုတ် ချင်ချင် သွန်လိုက်ပါ့မယ်"
"ချင်ချင်....
နင်ဘာလုပ်နေတာလဲ သခင်မကြီးက
မမလေးယွမ်ယွမ်ကိုပေးခိုင်းထားတာလေ""ငါ့ကို မမလေးကိုယ်တိုင်သွန်ခိုင်းတာ...
ဒါနဲ့နင်က မမလေးအတွက်စွပ်ပြုတ်ချက်ခိုင်းတာကို
ဘာလုပ်နေတာလဲ။""ခုနက သန့်ရှင်းရေးလုပ်တာ လူလိုလို့သွားကူနေတာ ခဏနေချက်မှာပါဟ အဲ့ဆေးမမလေးမသောက်ဘူးဆိုထားခဲ့ ငါသွန်လိုက်မယ် မမလေးကိုပဲနင်သွားကူလိုက်"
"သွန်ဖြစ်အောင်သွန်နော်...
မမလေးခိုင်းထားတာ""မေမေ ...အဆင်ပြေပါ့မလား
ယွမ်ယွမ်ကဆေးပို့ထားတာသောက်မယ်မထင်ဘူး။
သူ့အပေါ်ရုတ်တရက်ကြီးကောင်းတယ်ဆိုပြီးသံသယ
ဝင်လိမ့်မယ်။""ငါတို့ကစေတနာနဲ့ပို့တာပဲ သူနားလည်မှာပါ ဆေးကဘယ်လောက်တန်ဖိုးကြီးလဲ သူလဲသိမှာပဲ။
တစ်ပတ်ကို တစ်ခါလောက်ပို့နေရင် တဖြည်းဖြည်း
သူ့သဘောထားပြောင်းလာမှာ""မမလေး သခင်မကြီးကဆေးထပ်ပို့လာပါတယ်။"
"ချင်ချင်...နောက်နေ့တွေ သူပို့သမျှလက်မခံနဲ့ပြန်ပေး
ပေးလို့မရရင် လွှင့်ပစ်လိုက်။"
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit