Unicode
..........................."မမလေးယွမ်ယွမ် သခင်ကြီးကို ဒီတခေါက်ကိစ္စမပြောပြဘူးလား"
"ပြောတော့ပြောပြရမှာပေါ့ ဒါပေမယ့်အခုတော့ပြောဖို့မကောင်းသေးဘူး သခင်ကြီးနဲ့နန်းတော်ကိုသွားရမှာ
အိမ်ရှေ့မင်းသားဖိတ်ခေါ်ထားလို့ ဒီတစ်ခေါက်
သခင်မလည်းပါတယ်""မမလေး ပျော်စရာကြီး
သခင်ကြီးက နောက်ဆုံးတော့မမလေးနဲ့ပတ်သက်ပြီး
လျစ်လျူရှုမထားပါဘူး။""အင်း မေမေလည်းနန်းတော်ကိုသွားလည်ရတာ
ကျေနပ်မှာပါ..."သခင်မလေး...
သခင်ကြီးက အဆင်သင့်ဖြစ်ရင်အိမ်တော်ကိုလာခဲ့ပါလို့မှာလိုက်တယ်။အိမ်တော်က အစေခံတွေပါမှာ
ကြောင့် မမလေးအဆောင်က အစေခံတွေမခေါ်လည်းဖြစ်ပါတယ်။"ကောင်းပြီ ...သခင်မအဆောင်ကိုသွားပြီးမှအိမ်တော်လာခဲ့မယ်"
သခင်မ...
မမလေးယွမ်ယွမ် ရောက်နေပါတယ်..."အင်း ဝင်လာခိုင်းလိုက်ပါ"
"မေမေအဆင်သင့်ဖြစ်ရင် အိမ်တော်သွားရအောင်လေ။"
"ခဏထိုင်ပါဦး...
မင်းကိုမှာစရာလေးတွေရှိတယ်။
နန်းတော်ရောက်ရင် အရမ်းကြီးပေါ်လွင်မနေစေနဲ့။
ပုံမှန်အတိုင်းလေးနေ ကိုယ်ကအပြင်လူပဲရှိသေးတယ်လို့တွေးထား မဟုတ်ရင် လူမုန်းများမယ်။""ဟုတ်ကဲ့ပါ ယွမ်ယွမ်နားလည်ပါတယ်"
အမေနဲ့သူမက လုံးဝမတူဟုတွေးမိလေသည်။
သူမက လူမုန်းတာဂရုမစိုက် မှန်တယ်ထင်ရင်
လုပ်လိုက်တာပဲ။ သူမအမေကတော့ လူမုန်းများမှာကိုပို၍ဂရုစိုက်လေသည်။
ဒါကလဲ သူမ အမေရဲ့အမှားကြောင့်ရယ်တော့ မဟုတ်ပါဘူး။ သူမအမေက သခင်မကြီးနဲ့အမျိုးတော်တာဆိုတော့ သူမကသခင်မကြီးအပြစ်မြင်မှာမုန်းမှာ ကြောက်လို့ဖြစ်သွားတာပဲလေ။သူမတို့ခေတ်မှာကြည့်ရင်တော့ ဒါကမကောင်းဘူးပြောရမှာပဲ။ မိန်းမရဲ့အမျိုးကိုလက်ထပ်တယ်ဆိုတော့
သခင်မကြီးဒေါသထွက်ချင်လဲ ထွက်စရာပဲ။
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit