Unicode
"ယွမ်ယွမ်...အားလုံးအဲ့မကောင်းတဲ့ ညီမကြောင့်ပဲ
ငါက ဘာလို့မထိုက်တန်ရမှာလဲ..."
"ချင်ချင် ...မင်းကိုဆုငွေတွေအများကြီးပေးမယ်...
မင်းတသက်ထိုင်စားလို့ရလောက်တဲ့အထိ
မနက်ရောက်ရင် ယွမ်ယွမ့်မျက်နှာ အကောင်းတိုင်းဖြစ်နေတာမမြင်ချင်ဘူး နားလည်တယ်နော်...""မမလေးရယ် ချင်ချင့်အပေါ်မရက်စက်ပါနဲ့
မမလေးယွမ်ယွမ်ကို အဲ့လိုလုပ်ဖို့က ချင်ချင့်အတွက်တာဝန်ကြီးလွန်းပါတယ်။
မမလေးရယ်...အဲ့လိုမလုပ်ပါနဲ့နော်""နင့်လိုအစေခံက ငါ့ကိုဘာလုပ်ရမယ်ပြောပိုင်ခွင့်မရှိဘူး...ယွမ်ယွမ့်ကိုအစေခံတွေက မလေးစားလို့ ကြိုက်သလိုပြောနိုင်တယ် ငါကအဲ့လိုမျိုးမဟုတ်ဘူး
နင့်သခင်မလို ငတုံးမ မဟုတ်ဘူး။""အစ်မတော်..."
"မမလေးယွမ်ယွမ်...ဘယ်လိုရောက်လာတာလဲ
ချင်ချင့်ကိုကယ်ပါဦး...""တော်တော်အတင့်ရဲနေပါလား။ ငါ့ခွင့်ပြုချက်မရဘဲ
ဝင်လာရဲတယ်ပေါ့ ...
အစောင့်တွေ ဘာလုပ်နေလဲ သူမကိုအပြစ်ပေးဖို့ခေါ်သွား!...""မမလေး သခင်ကြီးသိရင်မကောင်းဘူးထင်တယ်..."
"နင်တို့လိုအစောင့်တွေက ငါ့ကိုပြန်ပြောနေသေးတယ်
နောက်ဖြစ်တဲ့ကိစ္စ ငါရှင်းမယ်။ သူမကိုဖမ်းထားလိုက်...""ကောင်းပြီ အစ်မတော်ဘက်ကလွန်လာတဲ့အတွက်
ညီမတော် အားနာမနေတော့ပါဘူး...
အရင်ဆုံး ချင်ချင်ကိုလွတ်ပေးပါ အဲ့တာဆိုအစ်မတော်အပြစ်ပေးတာကိုခံယူပါ့မယ်..."ဒီငတုံးမက ဘာလဲ...
သူဘာလို့အဖမ်းခံနေတာလဲ ငြင်းလေ၊ သောင်းကျန်းပလိုက်ရမှာ ဒီဟာမကဘာလို့ငြိမ်နေတာလဲ..." ချင်ချင်ကိုလွှတ်မပေးနိုင်ဘူး သူမကငါ့အိပ်ဆောင်ထဲက ပိုးထည်ကိုခိုးဖို့လုပ်ခဲ့တာ..."
"ဘာတွေဖြစ်နေကြတာလဲ..."
"သခင်ကြီး ဘယ်လိုဖြစ်လို့ညကြီးအဆောင်ထဲရောက်လာတာလဲ...""မင်းတို့လုပ်ပုံက ဟုတ်သေးရဲ့လား...
ညကြီးအချိန်မတော် အစောင့်တွေအကြောင်းကြားရလောက်အောင် ဘာဖြစ်နေကြလို့လဲ"
YOU ARE READING
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romanceသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit