အရည်အချင်း....၁

400 56 0
                                    

'သခင်မ​လေးယွမ်ယွမ် အထည်​တွေရပြီလို့ သခင်မက​ပြောခိုင်းလိုက်ပါတယ်'
"အင်း ခန​နေမင်း အထည်ကိုယူလာခဲ့​ပေးပါ..."
'သခင်မ​လေးက ကိုယ်တိုင်မသွားဘူးလား?'
"အင်း မင်းပဲယူခဲ့​ပေး​တော့ အဝတ်အစားကို
မစွန်း​ပေ​စေနဲ့​နော်"

'သခင်မ​လေး အစမ်းဝတွကြည့်ဖို့ ချင်ချင်ယူခဲ့​ပေးတယ်....သခင်မ​​လေးနဲ့အရမ်းလိုက်ဖက်မှုရှိမှာပဲ...'

သူမ အဝတ်အစားအတွက်သိပ်မပူပင်ဘူး။
သူမ​ရွေးတာအ​ကောင်းဆုံးဆိုတာကိုသိသည်။စိုးရိမ်တာက
ဒီဘက်​ခေတ်မှာ မိတ်ကပ်က စုံစုံလင်လင်ရှိတာမဟုတ်ဘူး။ ဘယ်လိုလုပ်ရမလဲ။သူမမျက်နှာကကြည့်​ကောင်းရုံ​လောက်​တော့ရှိပါရဲ့ ဒါ​ပေမယ့် ​ချော​နေတာ​တော့မဟုတ်ဘူး​လေ။

"သခင်မ​လေးက ကြည့်လို့အ​ကောင်းဆုံးဖြစ်မှာသိလား ...အ​ချောဆုံးပဲ"
"ရပါတယ် မင်းငါ့ကို​မြှောက်​ပြောစရာမလိုဘူး
ငါ ကြည့်မ​ကောင်းဘူးမလား။"
"သခင်မ​လေးက ကြည့်​ကောင်းပါတယ်
တစ်ခြားသခင်မ​လေး​တွေက နည်းနည်းပိုကြည့်​ကောင်း​နေရုံပါ"
"အင်း​ပေါ့​လေ နားလည်ပါတယ်။"

ငါသာအရင်မျက်နှာနဲ့ဆို ​တော်​တော်အ​ပြောခံရမှာပဲ
ဒီမိန်းက​လေးက ကြည့်​ကောင်း​နေတာ​တောင်
သူတို့က ဘယ်​လောက်အထိ လူကို​ ချောမှကြိုက်ကြတာလဲ။စိတ်ထား​​ကောင်းတာကျ အ​ရေးမပါ​တော့ဘူးလား?

"ယွမ်ယွမ်..."
"ဟုတ်...ဘာအ​ကြောင်းများရှိလို့လဲ?"
သူတို့အိမ်​တော်ထိန်းက ဘက်လိုက်တာမျ်ုးသိပ်မရှိ
သူမနဲ့ကျန်တဲ့ ​မောင်နှမ​တွေ​တောင်မျှမျှတတ ​ပြောဆိုသည်။
ကျန်သည့် အိမ်ကအလုပ်သမား​တော်​တော်များများက​တော့ သခင်ကြီးမျက်နှာ​ပေးသည့် သခင်မကိုသာများများကပ်​​လေ့ရှိသည်။ သခင်မ​တွေကိုယ်တိုင်ကပင်
အိမ်ရဲ့အာဏာအကြီးဆုံးနဲ့သခင်ကြီး မျက်နှာသာ​ပေး​ကြောင်းကိုပြိုင်​နေကြ​တော့သည်။

"သခင်မ​​လေး မနက်ဖြန်အိမ်​တော်က​​နေ ထွက်မှာ​ကြောင့် အိမ်​တော်ကိုလာခဲ့ဖို့ သခင်ကြီးကမှာလိုက်ပါတယ်"
"အင်း...​ကောင်းပါပြီ ​နောက်မကျ​စေရပါဘူး"

က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်းМесто, где живут истории. Откройте их для себя