Unicode
"မမလေး...
စားဖိုဆောင်က ကောင်မလေးလဲကျသွားလို့တဲ့""ချင်ချင် အိမ်တော်ကိုအမြန်သွားပြီးအကြောင်းကြား
သမားတော်ပါပင့်လာခဲ့...""အဲ့ကလေးမကဘယ်လိုဖြစ်တာလဲ ဟိုရက်တုန်းကထိ သူမတက်တက်ကြွကြွရှိနေတာကို"
"မသိပါဘူး မမလေးတို့အပြင်ထွက်သွားပြီး
သိပ်မကြာဘူး ခေါင်းမူးတယ်ဆိုပြီးမေ့လဲသွားတာပဲ...
နောက်တော့ သူမက ဒီရက်ပိုင်းပျော်စရာတွေရှိနေတာ
ခဏခဏပြောပြတယ် သူမကိုယ်ကိုလှလာတယ်ဆိုပြီး
တစ်ခြားသူတွေလိုက်ကြွားနေတာကို ရုတ်တရက်ကြီး...""အင်း ငါသိပြီ မရမ်းကြီးတော့မစိုးရိမ်ကြပါနဲ့ သူမအတွက် သမားတော်ပင့်ခိုင်းထားတယ်"
"မမလေး....
ချင်ချင် သမားတော်ပင့်လာပါတယ်။
နောက်တော့သခင်မကြီးကစိုးရိမ်လို့လိုက်လာ
ခဲ့မယ်လို့မှာလိုက်ပါတယ်။""သမားတော် ဒီကလေးမကိုတစ်ချက်လောက်ကြည့်ပေးပါဦး။"
"ကျွန်တော်အတတ်နိုင်ဆုံးကူညီပါ့မယ်။ အရင်ဆုံး
သူနဲ့မတည့်တဲ့အစားအသောက်များစားခဲ့မိသေးလား။
သူမက အဆိပ်မိတာဖြစ်နိုင်ချေများတယ်။""အဆိပ်? ဘယ်လိုအဆိပ်မျိုးလဲ တော်တော်များပြင်းထန်လား..."
"သေလောက်တဲ့အထိမဟုတ်ပေမယ့်...
သူမ သတိရလာရင် ခန္ဓါကိုယ်ကယားယံနေလိမ့်မယ်
နောက်ဆုံးသူမ အသားအရေတွေမီးလောင်သလို
အကွက်တွေကျန်ခဲ့လိမ့်မယ်...
မမလေးကျွန်တော်ပြောစရာရှိပါတယ်
ကျွန်တော်နဲ့ခဏလိုက်ခဲ့ပေးပါ""သမားတော်ကြီး ဘာများဖြစ်လို့လဲ"
"မမလေး သတိကြီးကြီးထားဖို့လိုမယ် ဒါအဆိပ်ခပ်လုပ်ကြံမှုလို့ပြောလို့ရတယ်"
"လုပ်ကြံမှု? ကောင်းပြီ ... ကျွန်မသတိထားမှာပါ။"
"မေမေ...ဘယ်သွားမလို့လဲ"
"ခုဏက ချင်ချင်လာပြီးသမားတော်ပင့်သွားတယ်
ကြည့်ရတာ ယွမ်ယွမ်တစ်ခုခုဖြစ်လို့နေမယ်
အိမ်တော်ရဲ့သခင်မကြီးအနေနဲ့ ဂရုစိုက်ပေးရမှာပေါ့"
CZYTASZ
က်ိန္ဆဲမိျခင္း/ ကျိန်ဆဲမိခြင်း
Romansသူမလေးက novel ဖတ်ရတာသဘောကျသည် တစ်ရက်မှာ authour ကိုကျိန်ဆဲမိတော့.... Cv photo #credit